Extra 3 - ပထမပိုင်း [ U ]

1.6K 275 5
                                    

【 Unicode 】

ရွှယ်ယောင်ကျူ့၏အတိတ်
_____________________________

ရန်ယိကုက တခြားတစ်ယောက်နဲ့ အဖွဲ့ဖွဲ့ခဲ့ရတယ်။

ရွှယ်ယောင်ကျူ့ရဲ့တွဲဖက်ကတော့
စကားသိပ်များတဲ့ကောင်လေးတစ်ယောက်။
ဆရာက ရွှယ်ယောင်ကျူ့ကို စကားပိုပြောစေချင်မှန်း အလွန်အမင်းထင်ရှားနေတယ်။

ရွှယ်ယောင်ကျူ့က တော်တော်စိတ်ပျက်သွား
ပေမယ့်၊ ရွေးချယ်ခွင့်မရှိဘဲ ဒီအဆုံးအဖြတ်ကို
လက်ခံခဲ့ရတယ်။ အခြားတစ်ဖက်မှာတော့
ထိုစကားသိပ်များတဲ့ကောင်လေးက အလွန်
စိတ်အားထက်သန်ကာ သတင်းကြားကြားချင်း
စာသင်ခန်းသို့ အပြေးရောက်လာပြီး
ရွှယ်ယောင်ကျူ့ဆီ သွားခဲ့တယ်။ အချင်းချင်း
ပိုသိဖို့၊ ရင်းနှီးကျွမ်းဝင်ဖို့အတွက်ပေါ့။

အစမှအဆုံးထိ ရွှယ်ယောင်ကျူ့က စကားလုံး
သုံးလုံးကိုပဲ ပြောဖြစ်ခဲ့တာ။

စကားသိပ်များတဲ့ကောင်လေးက မေးခဲ့တယ်။
"မင်းက ရွှယ်ယောင်ကျူ့?ဟုတ်တယ်မလား"

ရွှယ်ယောင်ကျူ့က ပြန်ဖြေတယ်။
"အင်း"

စကားသိပ်များတဲ့ကောင်လေးက ပြောခဲ့တယ်။
"ငါတို့က တစ်တွဲတွဲရပြီပဲ၊ ပထမဆုံးအနေနဲ့
တစ်ယောက်အကြောင်းကို တစ်ယောက်သိအောင်
ကြိုးစားကြမယ်"

ရွှယ်ယောင်ကျူ့က ဘာပြန်ဖြေလဲဆိုတော့...
"အင်း"

ဒီကြားထဲ စကားများတဲ့ကောင်လေးပြောသမျှ စကားလုံးပေါင်း သန်းနဲ့ချီတာကို ချန်ခဲ့ကြမယ်။

ထို့နောက် ရန်ယိကုရောက်လာပြီး စကားများတဲ့ကောင်လေးကို ပြောလိုက်တယ်။
"အာ..မင်းက ဒီကိုရောက်နေတာကိုး၊ ငါ့ကို
တစ်ချက်ကူညီဦး၊ ဂီတခန်းကို သန့်ရှင်းရေးလုပ်
နေကြတာ၊ ငါတို့ အတူသွားပြီး စန္ဒရားကို
နေရာရွှေ့ရအောင်"

စကားများတဲ့ကောင်လေးက ရွှယ်ယောင်ကျူ့ကို
လှမ်းပြောတယ်။
"ဒါဆို ငါ သွားပြီနော်၊ နောက်မှ မင်းဆီကို
ထပ်လာခဲ့မယ်"

ရွှယ်ယောင်ကျူ့က ပြန်ဖြေရှာတယ်။
"အင်း"

စကားသိပ်များတဲ့ကောင်လေးနဲ့ရန်ယိကုတို့
အတူသွားရင်း ခပ်လှမ်းလှမ်းရောက်တဲ့အထိ၊
ရွှယ်ယောင်ကျူ့က လိုက်ကြည့်နေမိတာ။
အဲဒီအချိန်မှာပဲ ရန်ယိကုက ရုတ်တရက်
ပြန်လှည့်လာပြီး ရွှယ်ယောင်ကျူ့ကို မေးခဲ့တယ်။

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now