အပိုင်း - ၁၁ [ U ]

1.6K 314 1
                                    

【 Unicode 】

                                (201)

ရွှယ်ယောင်ကျူ့ရောက်လာပြီး ငါ့ကို
သူ့အနောက်ဘက်ဆီ ဆွဲခေါ်ခဲ့တယ်။ သူက
ကျုံးယွီကို တစ်ချက်တောင်မကြည့်ဘဲ၊ တအား cool ဖြစ်တဲ့ပုံစံနဲ့ ငါ့ကိုပြောလိုက်တယ်။

"သွားကြစို့"

ကျုံးယွီက ဆိုတယ်။
"မင်းရောက်လာပြီဆိုမှတော့ သွားဖို့ အလျင်မလို
ပါနဲ့၊ ပထမဆုံး ငါတို့ကိစ္စကို ရှင်းလင်းရအောင်၊
ပြီးရင် မင်းတို့သွားနိုင်ပြီ"

နောက်တစ်ကြိမ်ထပ်ပြီး ရွှယ်ယောင်ကျူ့က
တကယ်ခပ်မိုက်မိုက်ဟန်နဲ့ ကျုံးယွီကိုကြည့်ကာ
ပြောလိုက်တယ်။
"ထွက်သွား"

ကျုံးယွီက နည်းနည်းမှ ဒေါသထွက်ပုံမပေါ်ဘဲ
ဆက်တိုက်ပြုံးနေတုန်းပဲ။ သူက တစ်ခုခု​ကို
ထပ်ပြောဖို့ကြံစည်နေဆဲမှာ ငါ ကြားဖြတ်​
လိုက်တယ်။

"နှစ်ယောက်လုံး ဘာမှထပ်မပြောနဲ့ဦး၊ ငါ့ကို
ပြောခွင့်ပေး၊ ငါ ရွှယ်ယောင်ကျူ့နဲ့ လမ်းခွဲတော့
မှာမို့ ကိစ္စက မင်းတို့နှစ်ယောက်ကြားမှာပဲ
ကျန်ရှိလိမ့်မယ်၊ မစ္စတာကျုံးယွီ..မကျေနပ်မှုတိုင်း
အတွက် တာဝန်ခံရသူရှိသလို အကြွေးတင်နေရင်လည်း ကြွေးဆပ်ရမယ့်သူ ရှိကိုရှိတာပဲ၊
အစကတည်းက လူကြီးမင်းတို့နှစ်ယောက်ကြားပြဿနာမို့ ကိုယ်တိုင်ဖြေရှင်းတာ အကောင်းဆုံး
ဖြစ်လိမ့်မယ်၊ ဒါကြောင့် ငါ့ဆီ ပြဿနာလာမရှာ
ပါနဲ့တော့"

ကျုံးယွီက ရယ်မောလိုက်ကာ-
"မင်းက ပွင့်လင်းလိုက်တာ၊ ဒါဆိုလည်း
ကောင်းပြီလေ"

ငါ့လက်ကိုဆုပ်ကိုင်ထားတဲ့ ရွှယ်ယောင်ကျူ့ရဲ့လက်ချောင်းတွေက တင်းကျပ်သွားပြီးမှ၊
ချက်ချင်းဆိုသလိုပဲ ပြေလျော့သွားခဲ့တယ်။
ရွှယ်ယောင်ကျူ့က တုန်လှုပ်အံ့အားသင့်စွာ
ငါ့ကိုကြည့်လိုက်တယ်။

မင်း ဘာလို့ကြည့်နေတာလဲ?
အမျိုးသားတစ်ယောက်ယောက်ကို အရင်က
မမြင်ဖူးဘူးလား။ အဆုံးမှာတော့ ယောက်ျားတွေအားလုံးက ဒီလိုပဲလေ။

အာ..ဒါကတော့ ယေဘုယျကောက်ချက်ချတာ
နည်းနည်းလွန်သွားသလိုပဲ။ အနည်းဆုံးတော့
ငါ့အစ်ကိုကြီးက ဒီလိုမဟုတ်ဘူးလေ။ နောက်ပြီး
ငါ့ညီလေးကလည်း ဒီလိုဖြစ်လာမှာမဟုတ်ဘူး။

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now