အခန်းထဲ အသံတွေတိတ်ဆိတ်သွားတယ်
ဘာကြောင့်လဲဆိုတော့ စကားတွေ တရစပ်မရပ်မနား ပြောနေတဲ့ luhanရဲ့ နှုတ်ခမ်းပါးလေးတွေကို စကားတွေ ထပ်မပြောနိုင်အောင် သူ့နှုတ်ခမ်းလေးတွေနဲ့ ထပ်ကာ sehun အနမ်းလေးတွေ ပေးနေတာကြောင့် .....
နှစ်ယောက်သား လျှာကလေးတွေ ယှက်ပြီး တယောက် ခံတွင်း ထဲ တယောက် အပြန်အလှန်ဆော့ကစားကာ အချိန်ကလေးတွေ ကို မသိမသာ ကုန်ဆုံးနေကြနေလေရဲ့
ခဏကြာတော့ အနမ်းလေးတွေကို ဖြည်းဖြည်းလေးရပ်လိုက်ပြီးSehun luhan မျက်နှာလေးကို မျက်တောင်လေးတွေ မခတ်နိုင်ဘဲ စိုက်ကြည့်နေမိပြီး မျက်နှာလေးကို ပွတ်သပ်လိုက်ကာ
"အရမ်းချစ်တာပဲ hyungရာ"
ကြားနေကျစကားပေမယ့် luhan ကိုယ်လေး သိမ့်ကနဲ့ ဖြစ်ပြီး သွေးတွေ ပြောင်းပြန်စီးသွားသလို
ရှက်ကိုးရှက်ကန်းကို ဖြစ်ကာ ဘာပြောလို့ပြောရမလဲ မသိတော့
#ဂလု
Luhan sehunမျက်လုံးတွေနဲ့ မဆုံမိအောင် တောင်ကြည့်မြောက်ကြည့်လုပ်နေပေမယ့် မရ စူးစူးရှရှ ကြည့်နေတဲ့ အကြည့်အောက်မှာ ကြာတော့ luhan အသက်ပင် မရှူတက်တော့လောက်အောင် ဖြစ်လာပြီ
"Se sehun ဖယ်ဦးလေနော်"
"ခဏလေးပါပဲနော်"
"ကြာနေပြီလေ"
"ဟင့်အင်းကျွန်တော့ အတွကိတော့ ခဏလေးပဲရှိသေးတယ်"
ဆက်ပြောလို့လဲ မရတော့မယ့် အတူတူ luhanအသာကလေး ပါးစပ်လေး ပိတ်ကာနေလိုက်တယ်
မျက်လုံးလေး နှားခေါင်းလေး ပါးစပ်လေး
နဖူးလေး
ပါးလေး တွေကို သူ့လက်လေးတွေနဲ့ ထပ်ကာထပ်ကာ ပွတ်သပ်နေတဲ့ sehunကြောင့် luhan သွေးတွေထင် မဟုတ်တော့ဘူး အတွငိး ကလီစာတွေ ပါ ပြောင်း ပြန်တွေ ဖြစ်ကူန်နေလေပြီထင်ရတယ်
"Se sehun မင်း အဲ့လို မထိတထိတွေ မလုပ်နဲ့ကွာ "
"အင် "
"အဲ့ လို့ အဲ့လို မထိတထိ မလုပ်နဲ့ ယားတယ်လို့"
"Hyungနော် "
part9
Start from the beginning