Chapter32(Unicode)

Start from the beginning
                                    

'နေပါ ဆရာကတော်ရယ်...တော်ကြာဖျားနေမှဖြင့်...မနေ့ညကတင် အဖျားတွေတက်နေတာလေ...အခုညထပ်ဖျားရင် ဘယ်လိုလုပ်မလဲ..'

​အန်တီမြပြောမှ နှောင်းရိပ် သတိရတာ...

လွန်ခဲ့တဲ့ နှစ်ရက်က နှောင်းရိပ် ဆက်တိုက်ဖျားတာလေ...

အဖျားက တော်တော်နဲ့ကို မကျတာ...

ညဘက် တအင်းအင်းငြီးသံကြောင့် နှောင်းရိပ်အနားမှာ အန်တီမြဘဲစောင့်အိပ်ပေးခဲ့ ပြုစုပေးခဲ့ရတာ...

နေမကောင်းတော့ အားငယ်တဲ့ စိတ်နဲ့ မောင့်အလာကို အဲ့တုန်းက မျှော်နေခဲ့မိပါသော်လည်း မောင်က နှောင်းရိပ်အခန်းရှေ့တောင် မလာ...အခန်းထဲဆို ဝေးသေးပေါ့...

'ဟူး...'

'ကဲ..သက်ပြင်းချမနေနဲ့တော့ ...ဆရာကတော်က ဟိုဘက်မှာနားနားနေနေ နေနော်..ဒေါ်မြဒါလေး ရေလောင်းလိုက်ဦးမယ်...'

'ဟုတ်...ဟုတ်..တခုခုဆို နှောင်းရိပ်ကို ခေါ်လိုက်နော် အန်တီမြ...'

'ကောင်းပါပြီရှင်...'

ဒါနဲ့ဘဲ နှောင်းရိပ်လည်း ခြံထဲကို ဟိုကြည့်ဒီကြည့်နဲ့ လမ်းလျှောက်နေလိုက်တော့သည်။

အချိန်က ညနေ၄:၃၀..အရင်တုန်းက  ဒီအချိန်ဆိုရင် မောင်ရုံးက ပြန်လာခါနီးလေ..အခုတော့ မောင်က အိမ်ကို ည ၁၀..ဒါမှ မဟုတ် ၁၁လောက်မှ ပြန်လာတာ...

ဟူး..မောင်ဘာတွေများလုပ်နေလို့ အဲ့လောက်တောင် နောက်ကျမှ ပြန်လာတာလဲလို့ မေးချင်ပေမယ့်လည်း မမေးရဲခဲ့..

နှောင်းရိပ် မောင့်ကို ချစ်ရတာလဲ မလွယ်ပါလားနော်...

အခုမှ ခြံထဲကို နှောင်းရိပ် သေချာ ကြည့်မိတော့မှ

ဝါး..ခြံကြီးက အကျယ်ကြီးဘဲကိုး...

တစ်ခြံနဲ့ တစ်ခြံဆိုတာလည်း နည်းနည်းလှမ်းကြတော့ မိတ်ဆွေ အိမ်နီးချင်းရယ်လို့လည်း သိပ်မဖွဲ့ကျ..

ကိုယ့်အိမ်..ကိုယ့်ယာနဲ့ကိုယ်သာနေပြီး..သူဌေးရပ်ကွယ်ဆိုတော့လည်း အရေးကြုံလာရင်တောင် ကိုယ့်အိမ်ကမဟုတ်ရင် ဖာသိဖာသာနေကြတာလေ..

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now