Chapter 20(Unicode)

Beginne am Anfang
                                    

တော်ကြာ အမာရွတ်ကျန်ကုန်မှဖြင့်...

ပါးတစ်ဖက်ကလည်း ညက သူရိုက်လိုက်တာကြောင့် အခုဆို ယောင်ကိုင်းနေပြီလေ...

ဒီကလေး..တကယ်ဘဲ...သူ့ကို စိတ်မနာဘူးလား...စိတ်မဆိုးဘူးလား...

အာ..ကျစ်...ဘာလို့ သူ့ကိစ္စကို လိုက်ပူပေးနေတာလဲ..ရှင်းစက်...ရှင်းစက်...မင်းသူ့ကို သနားရမှာမဟုတ်ဘူးနော်...

'ဟင်း....'

သူ့သက်ပြင်းချသံကြားတော့ မီးဖိုခန်းထဲကနေ စိုးရိမ်တကြီးနဲ့ ပြေးထွက်လာသော အကောင်ပေါက်

'မောင်...မောင် ဘာဖြစ်လို့လဲ...ခေါင်မူးနေလို့လားဟင်...'

'မမူးပါဘူး...'

'မောင်ရယ်..ညက အရက်တွေ သောက်ထားတော့ နည်းနည်းတော့မူးမှာပေါ့..
ဒီမှာလေ..သံပုရာသီးနဲ့ ပျားရည်ကို ရောပြီး ဖျော်လာပေးတယ်...သောက်လိုက်နော်မောင်...အမူးပြေပေါ့..'

'မသောက်ချင်ပါဘူး..'

'မောင်ရယ်..သောက်နော်...'

'ဟူး..အင်း...ချခဲ့လိုက်...'

'ဟုတ်...ခဏလေး ဒါသောက်ပြီး စောင့်နေနော်..breakfast က ရတော့မှာ..'

'အေး..စားကောင်းပါစေနော်...'

'ဆွေမျိုးပါမေ့သွားစေရမယ်..ဟိ...'

ပြောပြီးတာနဲ့ မီးဖိုခန်းထဲ ပြေးဝင်သွားသော အကောင်ပေါက်...

ဘာလို့ရယ်မသိ ထို ကောင်လေးရဲ့ အမူအရာလေးတွေကြောင့် ရှင်းစက်တောင် မသိလိုက်ဘဲ ပြုံးမိလိုက်သည်။

ဟင်..ငါ ပြုံးမိသွားတာလား..ဒီကောင်လေးကြောင့်လေ...ငါ..ငါရူးများသွားတာလား...

ရှင်းစက်လည်း စိတ်ရှုပ်ရှုပ်နဲ့ စောစောက ချပေးထားသော ခွက်ထဲက အရည်တွေကို သောက်ချလိုက်တော့သည်။

ခဏကြာတော့...

'မောင်ရေ...မနက်စာ ရပါပြီဗျ...'ဟုဆိုကာ နှောင်းရိပ်က ပန်းကန်တစ်ချက်ကိုင်ကာမီးဖိုထဲမှ ထွက်လာပြီး သူ့အရှေ့ကို လာချပေးကာ ဘေးနားမှာ ရပ်နေတော့သည်။

'ဒါက...'

'ဟိ..ထမင်းကို ကြက်ဥရယ် ခရမ်းချဉ်သီးလေးနဲ့ ရောပြီး ကြော်ထားတာ...ပြီးတော့ ဒါက အမဲကြော်လေး..မောင့် ရေခဲသေတ္တာထဲမှာ အမဲသားနည်းနည်းတွေ့လို့ ယူကြော်လိုက်တာ..စားနော် မောင်...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWo Geschichten leben. Entdecke jetzt