Episode❦ 16 ❦

Start from the beginning
                                    

~~~°°~~~°°~~~°°~~~°°~~~°°~~~°

ရင်​ ဒီ​နေ့အတန်းချိန်​ရှိ​သော်​လည်း ကိုကြီးက​နေသိပ်​မ​ကောင်းသဖြင့်​ မသွားဖြစ်
ကိုကြီးစားဖို့ကြက်​သားဆန်​ပြုတ်​​လေးလုပ်​​နေလျက်
ရင်​ ပြင်​ဆင်​​နေတုန်း ညကအ​ကြောင်းများအ​တွေးထဲဝင်​လာကာ နှလုံးသား​လေးကလဲ တဒုတ်​ဒုတ်​ခုန်​လာလျက်
💭ငါဘာ​တွေ​တွေးမိ​နေတာလဲ ငါကိုကြီးကိုချစ်​လို့မရဘူး ကိုကြီးက ငါချစ်​ရမယ့်​သူမဟုတ်​ဘူး💭
ရင်​အ​တွေးစ​တွေကိုဖြတ်​ပစ်​လိုက်​သည်
ရင်​ဒီလို ကိုကြီးကိုရင်​ခုန်​မိ​နေတာ ကိုကို့အတွက်​မတရားသလိုပင်
ရင်​တကယ်​ပဲ တကိုယ်​​ကောင်းဆန်​​နေမိပြီလား
ရင်​မချစ်​သင့်​တဲ့ကိုကြီးအ​ပေါ်ကို.ဘာလို့ရင်​ခုန်​မိ​နေတာလဲ
နှလုံးသား​လေးရယ်​ မင်းချစ်​​နေတာလူမှား​နေပြီဟင့်​အင်းမဖြစ်​ရဘူး ငါဘယ်​​တော့မှကိုကို့အ​ပေါ်သစ္စာမ​ဖောက်​ဘူး💭
ရင်​ ထိုသို့​တွေးမိသည်​နှသ့်​တစ်​ဆက်​ထဲ ဆုံးဖြတ်​ချက်​တို့ချလိုက်​သည်
ရင်​မချစ်​သင့်​​သော ကိုကြီးအ​ပေါ်ကို ရင်​မခုန်​မိ​အောင်
ပြီး​တော့ ညကလိုအအဖြစ်​အပျက်​မျိုးမရှိ​အောင်
မောင်​နှမအဖြစ်​နဲ့ရှိ​နေတဲ့ ကိုကြီးနဲ့ရင်​ကြားမှာ စည်း​လေးတစ်​ခု​တော့ခြားသင့်​ပြီကိုကြီး
အဲ့စည်းက ရင်​နဲ့ကိုကြီးကြားမှာ ၅၂၈ထက်​ပိုတဲ့ ချစ်​ခြင်းမျိုးမရှိ​စေရဘူးကိုကြီး💭💭

"ရင်​ ငါဗိုက်​ဆာပြီ"
ကိုကြီးအသံကြားမှ ရင်​သတိတို့ဝင်​လာကာ
"ပြီးပြီကိုကြီး ရင်​ခူးခပ်​ထည့်​ခဲ့မယ်​"
"အင်း"
မီးဖို​ချောင်​မှာ အလုပ်ရှူပ်​​နေ​သော ရင်​ပုံရိပ်​​လေးအားကြည့်​ကာ ရာဇ်​ပြုံး၍ရပ်​ကြည့်​​နေသည်
ခုနကသူစလိုက်​ပြီးထဲက သူ့ဆီမလာပဲ သူ့ကိုအ​ရှောင်​​ကောင်း​နေ​သော သူမ
ရင်​ ဆန်​ပြုတ်​​လေးအားပန်းကန်​ထဲထည့်​လိုက်​ကာ ထမင်းစားပွဲသို့ သွားရန်​လှည့်​လိုက်​​တော့
ရင်​အားရပ်​ကာကြည့်​​နေ​သော ကိုကြီး​ကြောင့်​ အနည်းငယ်​​နေရခက်​သွားငည်
သို့​ပေမယ့် ရင်​​ခေါင်း​လေး
ငုံ့ကာ ထမင်းစားပွဲဆီသို့​လျှောက်​လာခဲ့သည်
"ကိုကြီး​နေသိပ်​မ​ကောင်းလို့ ရင်​ဆန်​ပြုတ်​ပြုတ်​​ပေးထားတယ်​"
ရာဇ်​ ခုံမှာဝင်​ထိုင်​ကာ
"ဆန်​ပြုတ်​လား ဒါပဲစား​နေရတယ်​"
ရာဇ်​ မ​ကျေမနပ်​​ရေရွတ်​လိုက်​သည်
ကိုကြီးရဲ့စကား​ကြောင့်​ရင်​ပြုံးလိုက်​ကာ
"အဟင်း ကိုကြီးမှ​နေမ​ကောင်းတာကို ​နေ​ကောင်းသွားမှတခြားဟာစား​နော်​.ခု​တော့ဆန်​ပြုတ်​​လေး​သောက်​လိုက်​ဦး"
"အင်း"
ရာဇ်​ သိပ်​မစားချင်​​သော်​လည်း သူမ​လေးလုပ်​​ပေးထား​သော ဆန်​ပြုတ်​​လေးအား အသာ​လေး​ကော်​ခပ်​​သောက်​လိုက်​ရသည်
ပုံမှန်​ဆို ဆန်​ပြုတ်​သိပ်​မကြိုက်​​ပေမယ့်​ သူမ​လေးရဲ့လက်​ရာမလို့လားမသိ နည်းနည်း​တော့စား​ကောင်းသည်​မလား
ရာဇ်​ စား​နေရင်း နံ​ဘေးမှာရပ်​​နေ​သော ရင်​အားကြည့်​လိုက်​ကာ
"မတ်​တပ်​ရွာက လာတာလား"
"ဟင်​😳"
"ထိုင်​"
ရင်​ ကိုကြီးနဲ့နီးနီးကပ်​ကပ်​မ​နေဖို့ဆုံးဖြတ်​ထားသည်​​လေ
ပြီး​တော့ ညကကိစ္စ​တွေ​ကြောင့်​ ရင်​ကိုကြီးနဲ့ မျက်​နှာချင်းဆိုင်​ဖို့မျက်​နှာပူလှသည်
ရင်​ ဂုတ်​ပိုး​လေးအားပွတ်​ကာ ဘယ်​လိုဆင်​​ခြေ​ပေးရမယ်​ကိုစဉ်းစား​နေရင်း
"ဟို ကိုကြီးအင်္ကျီကနည်းနည်းပါးတယ်​ ရင်​လက်​ရှည်​သွားယူ​ပေးမယ်​​နော်​"
ရင်​ သွားဖို့ပြင်​လိုက်​​ပေမယ့်​ ရင်​လက်​အားလှမ်းဆွဲလိုက်​​သောကိုကြီး
"မလိုဘူး"
"ကိုကြီး​နေမ​ကောင်း​သေးဘူး​လေ"
"ငါ့နားမှာထိုင်​​နေ"
"ဟင်​"
"ခုချက်​ချင်းထိုင်​!!!!"
ကိုကြီးစကားက အမိန့်​အသံဆန်​သွား​သော​ကြောင့်​ ရင်​မလွန်​ဆန်​နိုင်​စွာ ကိုကြီးအနားမှာထိုင်​​နေရရင်း
ရင်​ လက်​နှစ်​ဖက်​အားအ​ကြောင်းမဲ့ဖိပွတ်​​နေလျက်
"ငါပန်းသီးစားချင်​တယ်​"
"ဟင်​"
"တဟင်​ဟင်​နဲ့ ငါစိတ်​မရှည်​​တော့ဘူး အခွံနွှာ​ပေး"
"ဟုတ်​"
ရင်​ ​ရေသဲ​သေတ္တာထဲမှာထည့်​ထား​သော ပန်းသီးအားယူကာ ကိုကြီးအနားမှာထိုင်​​နေရင်း ပန်းသီးအားအခွံနွာ​ပေး​နေစဉ်
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ရင်​ph​လေးက မြည်​လာ​သော​ကြောင့်
ရင်​ ပန်းသီး​လေးအားချကာ Phကိုကြည့်​လိုက်​​တော့ တီတီနုဆီကပင်
"ဟဲလိုတီနု"
"ရင်​​လေးလား တီတီ​မေးစရာရှိလို့ပါကွယ်​"
"ဟုတ်​တီတီ"
ရင်​ ကိုကြီးနဲ့မလှမ်းမကမ်းမှာသွားကာph​ပြောသွား​ပြောရင်း
"သမီးကိုကို ဒီ​နေ့ကားအက်​ဆီးဒင့်​ဖြစ်​လို့"
"ရှင်​...ကိုကိုဘာဖြစ်​သွား​သေးလဲ အရမ်းစိုးရိမ်​ရလား ရင်​ခုလာခဲ့မယ်​​လေ"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  <or> 🍂ချစ်​အတ္တ🍂Where stories live. Discover now