Episode❦ 33 ❦

1.2K 48 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 33 ❦

အရင်​က နှစ်​​ယောက်​အတူ အမှတ်​တရများစွာ ရှိခဲ့ဖူးတဲ့ အခန်းကြီးထဲမှာ ရာဇ်​တစ်​​ယောက်​အသက်​မဲ့စွာ ထိုင်​​နေခဲ့ရင်း
လက်​ထဲမှာ​တော့ သူ့​ကြောင့်​မှန်ကွဲ​သွား​သော phone​လေး
အစက သုံးမရဘူးထင်​​သော်​လည်း ကံ​ကောင်းစွာနှင့်​ မှန်​ကွဲရုံမှတစ်​ပါး ဘာမှမဖြစ်​ခဲ့
ရာဇ်​ powerဖွင့်​လိုက်​ပြီး
"Passwordက ဘာဖြစ်​နိုင်​လဲ"
ရာဇ်​ တကိုယ်​တည်း​ကြားနိုင်​ရုံမျှ တီးတိုး​ပြောလိုက်​သည်
"သူမ​မွေး​နေ့လား"
ရာဇ်​ သူမ​မွေး​နေ့ကိုရိုက်​ထည့့်လိုက်​​သော်​လည်း မဟုတ်​ခဲ့
"ဘာဖြစ်​နိုင်​​လောက်​လဲ"
ရာဇ်​ မာမီနဲ့ဒယ်​ဒီ့​မွေး​နေ့အစရှိသဖြင့်​ဖြစ်​နိုင်​​လောက်​သည်​များရိုက်​ထည့်​​သော်​လည်း incorrect သာပြ​နေလျက်
"မဟုတ်​မှ....."
ရာဇ်​ လက်​​ချောင်းတို့က ph screen​ပေါ်မှာ​ပြေးလွှား​နေကာ ရိုက်​နှိပ်​လိုက်​သည်​က သူတို့နှစ်​​ယောက်​လက်​ထပ်​ပွဲ​နေ့စွဲ
ဒီတစ်​ကြိမ်​မှာလည်း Incorrect သာ....
ရာဇ်​ စိတ်​ရှုပ်​သွားဟန်​ဖြင့်​ ဆံပင်​​တွေထဲလက်​​ချောင်းထိုးဖွလိုက်​၏
"ရင်​ passwordက တကယ်​ပဲဘာများလဲ"
ရာဇ်​ တီးတိုး​ရေရွတ်​​နေရင်း တစ်​စုံတစ်​ခုကို​တွေးမိကာ ချထားသည့်​phကိုပြန်​​ကောက်​ကိုင်​လိုက်​သည်
ထို့​နောက်​ လက်​​ချောင်း​တွေက မဝံ့မရဲလှုပ်​ရှာသွားပြီး​နော်
ချပ်​📱
Ph lock​ပြေသွားသဖြင့်​ ရာဇ်​တကယ်​ပင်​အံ့သြသွားရသည်
သူ ရိုက်​ထည့်​လိုက်​တာ 22.9.1994 သူ့​မွေ့း​နေ့ပင်​မလား
သူတကယ်​ကိုထင်​မထားခဲ့ဘူး
သူမph passwordကမထင်​မှတ်​ထားစွာ.....
ရာဇ်​ ရင်​phoneထဲဝင်​ကာ ​လျှောက်​ကြည့်​မိ​တော့
Message​တွေထဲဝင်​ကြည့်​မိသည်
သို့​ပေမယ့်​ သူအသိ​နောက်​ကျသွားရပြီ​လေ
Ko Koဆို​သောphone numberနှင့်​စကား​ပြောထားသည်​များမှာ သူထင်​သလို မင်းမာန်​ထန်​မဟုတ်​ပဲ မင်းမာန်​ထန်​​မွေးစားထားသည့်​​ကောင်​မ​လေးနဲ့​ပြောထားခြင်းများသာ
သူမှားခဲ့တာ​ပေါ့ သို့​ပေမယ့်​ ​နောင်​တဆိုသည့်​အတိုင်းအရာအားလုံး​နောက်​ကျသွားခဲ့​လေပြီ
သူ သူမ​လေးအ​ပေါ်ကို ယုံကြည်​မှုအပြည့်​​မ​ပေးခဲ့နိုင်​ခဲ့ဘူး

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Waar verhalen tot leven komen. Ontdek het nu