Episode❦ 4 ❦

1.5K 66 1
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 4 ❦

ရင်​ ကိုကြီးရဲ့ ​ဘေးမှာထိုင်​ကာ လွယ်​အိတ်​​လေးကို ကျစ်​​နေ​အောင်​ ကိုင်​လျက်
ကိုကြီးက​တော့ ဘာစကားမှမ​ပြော
ကားကိုသာ အသားကုန်​​မောင်း​နေ​လေသည်
ရင်​ ​ကြောက်​တယ်​ အရှိန်​​လျှော့​ပေးပါလို့လဲ မ​ပြောရဲ ရင်​​ကြောက်​တာမှန်းသိရင်​ ပိုလုပ်​ဦးမယ့်​ ကိုကြီးအကျင့်​အား ရင်​သိ၍ပင်
"ရင်​ ငါ့အိတ်​ထဲက ပီ​ကေဘူးယူလိုက်​"
"ဟင်​"
"ယူဆို ယူလိုက်​"
ရင်​​ကြောင်​​တောင်​​တောင်​ဖြစ်​​နေစဉ်​ ကိုကြီးရဲ့စိတ်​မရှည်​သံ​ကြောင့်​ ရင်​ပျာပျာသလဲဖြင့်​ ကိုကြီးရဲလွယ်​အိတ်​အားဆွဲယူကာ
"ဘယ်​အိတ်​ထဲမှာလဲ"
ကိုကြီးရဲ့ အိတ်​က ​ဇစ်​​တွေများ​နေသဖြင့်​ ရင်​​မေးလိုက်​ခြင်းပင်
"​ဘေးအိတ်​"
ဗြိ💢
ရင်​ ဇစ်​​လေးအားဆွဲကာ အိတ်​ထဲက ပီ​ကေဘူးအား ယူကာ
"ဒီမှာ ကိုကြီး"
ရာဇ်​သူ့အား ပီ​ကေဘူးကြီးလိုက်​လာ​ပေး​နေ​သော ရင်​အား ရာဇ်​ စိတ်​မရှည်​စွာကြည့်​၍
"ရင်​ နင်​အမြဲအူ​ကြောင်​​ကြောင်​နဲ့ ငါကအဲ့ဘူးကြီးလိုက်​ ဝါးစားရမှာလား"
ရင်​ ​ခေါင်း​လေးအားကုတ်​ကာ မျက်​နှာငယ်​လေးဖြင့်​ ​ငုံ့​နေစဉ်
"ကျွတ်​ ​ပြောလိုက်​လျှင်​ဒီပုံစံပဲ ငါ့ကိုပီ​ကေ ခွံ့"
"ဟုတ်​"
ရင်​ ပီ​ကေဘူး​လေးအားဖွင့်​ကာ ကပျာကယာဖြင့်​ပီ​ကေတစ်​ခုအား ခွံ့​ပေးလိုက်​သည်
"နင်​စားချင်​စား​လေ"
"ဟင့်​အင်း ရင်​မစားတတ်​ဘူး"
ရင်​ကိုကြီးအိတ်​ထဲပီ​ကေ ဘူး​လေးအားပြန်​ထည့်​​နေစဉ်
"မရဘူး ငါစားဆိုစား"
"ရင်​မှမကြိုက်​တာ"
"ကြိုက်​ကြိုက်​မကြိုက်​ကြိုက်​စားရမယ်​"
ကိုကြီးစကားအား မလွန်​ဆန်​နိုင်​စွာ ကိုကြီး​ကျေနပ်​​နေ​အောင်​ ပါးစပ်​ထဲထည့်​လိုက်​ရသည်
"အင်း အဲ့လိုနား​ထောင်​မှ​ပေါ့"
ရင်​ ဘာမှမ​ပြောမိ
ကိုကြီးက​တော့ ပီ​ကေကို ဝါးကာ မှုတ်​​နေလျက်
📱Ring.....Ring📱
ရာဇ်​ ကား​မောင်းနရင်း phလာသဖြင့်
"ရင်​ ကိုင်​လိုက်​"
"ဟမ်​....ရင်​မကိုင်​ရဲဘူး"
ကိုကြီးphဘယ်​​လောက်​မြည်​​နေပါ​စေ ရင်​မကိုင်​ရဲ တစ်​ခါတစ်​​လေဆို ရင့်​ကိုတစ်​မျိုးထင်​ကာ ​ပြောခံဆိုခံရ​ပေါင်း​တွေမနည်း
ရင်​ ငြင်းလိုက်​​တော့ မျက်​​ထောင့်​နီကြီးဖြင့်​ ရင့်​အားစိုက်​ကြည့်​လိုက်​သူကိုကြီး​ကြောင့်​ ရင်​ph​လေးအား​ကောက်​ကိုင်​လိုက်​ရသည်
"ဟဲ..ဟဲလို"
"ဟဲလို ဘယ်​သူလဲ ကိုကို​ရော"
ရင့်​အသံကြားသည်​နှင့်​ ​ဒေါသူပုန်​ထသွားပုံကို ကြည့်​ရတာ ကိုကြီးရဲ့ရည်းစား​တွေထဲက တစ်​​ယောက်​ဖြစ်​ရမယ်
ဒေါသသံကို ကြည့်​ရသ​လောက်​​တော့ သဝန်​တိုတတ်​မယ့်​ပုံ​ပေါ်သည်
"ဟို..ကိုကြီးက​လေ!!!!"
ရင်​ ပြန်​​ဖြေဖို့လုပ်​​နေတုန်း
"Speakerဖွင့်​လိုက်​"
"ဟုတ်​"
ရင်​ phအားspeakerဖွင့်​​ပေးလိုက်​ကာ ကိုကြီးဘက်​တိုး​ပေးလိုက်​သည်
"ငါ​မေး​နေတယ်​​လေ နင်​ဘယ်​သူလဲ"
Phထဲက ​အသံ​ကြောင့်​ ရင်​​ကျောပင်​ချမ်းသွားရင်း
"​ပြော ဘာကိစ္စလဲ"
"ကိုကို ခုနက ဘယ်​​ကောင်​မလဲ ခုဘယ်​​ကောင်​မနဲ့အတူရှိ​နေတာလဲ"
Speakerဖွင့်​ထား​သော​ကြောင့်​ ရင်​မကြားချင်​မှအဆုံး
"မင်းအပူမပါဘူး"
"​ဘေဘီက.ကိုကို့ချစ်​သူ​လေ"
"ရည်းစားပါ"
"ကိုကို...!!"
တစ်​ဖက်​ ​ကောင်​မ​လေးသာ စကား​တွေတရစပ်​​ပြော​နေ​သော်​လည်း ကိုကြီးကြည့်​ရတာ ခပ်​​အေး​အေးပင်
ချစ်​သူ​တွေ မဟုတ်​ဘူးတဲ့ ရည်းစားတဲ့​လေ
ရင်​ အချစ်​အ​ကြောင်း​တွေနားမလည်​​ပေမယ့်​ ကိုကြီးနဲ့ သူ့ရည်းစား​တွေကို.ကြည့်​ကာ စိတ်​ထဲ​တွေးမိသွားသည်
ရင်​သာ အရွယ်​​ရောက်​လို့ ချစ်​သူထားမယ်​ဆို ကိုကြီးလိုလူနဲ့မ​တွေ့ချင်​ပါဘူး
ရင်​ဘယ်​​လောက်​ပဲချစ်​ပါ​စေ တစ်​​နေ့တစ်​​နေ့ စိတ်​ပူမှု စိတ်​မချမှု​တွေနဲ့ မ​နေချင်​ပါ
ရင်​ဘဝကို ရိုးရိုးရှင်းရှင်း​လေးသာ ဖြတ်​သန်းချင်​တယ်
ရင်​လိုချင်​တဲ့ချစ်​သူပုံစံက ကိုကို့လို​နွေး​ထွေးကြင်​နာပြီး ရင်​အ​ပေါ်နားလည်​​ပေးနိုင်​တဲ့လူမျိုး

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Onde as histórias ganham vida. Descobre agora