Episode❦ 30 ❦

1.3K 38 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 30 ❦

"ရင်​ အလုပ်​နား​တော့မယ်​ကိုကို.ပန်​ကိုလဲ မမ​တောင်းပန်​ပါတယ်​"
ရင်​စကား​ကြောင့်​ ပန်​ပျာပျာသလဲဖြစ်​သွား​သော်​လည်း
မာန်​က​တော့ ဘာမှမဖြစ်​သလိုပင်
"မမ ဘာလို့လဲဟင်​ ပန်​မမကိုဆိုးလို့လား ပန်​မဆိုး​တော့ဘူး​လေ​နော်​"
အသံ​လေးတုန်​တုန်​ယင်​ယင်​​ပြောလာသည့်​ပန်​​ကြောင့်​ ရင်​စိတ်​မ​ကောင်းဖြစ်​သွားရသည်
"မဟုတ်​ပါဘူးကွယ်​ ကိုယ်​ဝန်​ကလနု​သေး​တော့ ဂရုစိုက်​ရမှာမို့ပါ"
"ဒါ​ပေမယ့်​ ပန်​မမနဲ့​နေချင်​တယ်​"
"ပန်​ မမကိုဂျီတိုက်​မ​နေပါနဲ​တော့ ရင်​ ညီမ​လေးအဲ့လိုလုပ်​တာ​ကောင်းတယ်​ မဟုတ်​ရင်​ကိုကိုလည်း​ပြောမလို့ပဲ လနု​သေး​တော့ ကိုယ့်​ကိုကိုယ်​ပိုဂရုစိုက်​ရမယ်​နော်​"
"ဟုတ်​ကဲ့ကိုကို"
ရင်​ ပန်​ရဲ့​ခေါင်း​လေးအားပုတ်​ကာ
"မမက ပန်​ကိုGuideမလုပ်​​ပေး​တော့​ပေမယ့်​ ပန်​သတိရတဲ့ချိန်​တိုင်း ​တွေ့လို့ရတယ်​​လေ"
"ပန်​က​နေ့တိုင်းသတိရ​နေရင်​​ရော"
"အဟင်း အဲ့ဒါဆို မမနဲ့လာ​နေ​ပေါ့"
"ဟင့်​.....ပန်​မမနဲ့​​နေရတာ​ပျော်​တယ်​"
ပန်​ ရင်​နဲ့ခါး​လေးအားဖက်​ကာ က​လေးတ​ယောက်​သဖွယ်​ငို​ကြွေး​နေလျက်
စာပြ​ပေးချိန်​တလပင်​မရှိ​သော်​လည်း သံ​ယောဇဉ်​ကနည်းနည်း​နှော​နှောမှမဟုတ်
သို့​ပေမယ့်​ ရင်​ ရင်​​သွေး​လေးကိုပိုဂရုစိုက်​နိုင်​ဖို့ ဒီလိုဆုံးဖြတ်​ရခြင်းပင်
"ပန်​မမ​နေရာမှာ ပန်​ကိုစာပြ​ပေးမယ့်​ Guideက မမရဲ့သူငယ်​ချင်း​နော်​ သူကမမထက်​ပို​တော်​တယ်​ မရှင်းတာနားမလည်​တာရှိရင်​ မမဆီphဆက်​ရမယ်​ ပြီး​တော့ မဆိုးရဘူး​နော်​ ကိုကို့စကားနား​ထောင်​ပြီး စာကိုဂရုစိုက်​"
"ဟုတ်​"
"ကိုင်းပါ ဒီ​နေ့​တော့ မင်း​တို့နှစ်​​ယောက်​ကို မုန့်​လိုက်​​ကျွေးမယ်​ ဘယ်​လိုလဲ"
"ဦး​လေးကြီးတကယ်​​ပြောတာ​နော်​"
"တကယ်​​ပြောတာပါဗျ"
"​ရေး.....​ပျော်​လိုက်​တာ အပြင်​ထွက်​ခွင့်​ရပြီကွ"
"ကိုကို ရင်​ကိုShopping mallကိုလိုက်​ပို့ပါဦး ရင်​ ပန်​အတွက်​လက်​​ဆောင်​ဝယ်​​ပေးချင်​လို့"
"အမိန့်​​တော်​အတိုင်းပါဗျာ"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Kde žijí příběhy. Začni objevovat