Episode❦ 1 ❦

7.3K 123 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 1 ❦

လမ်းမီး​ရောင်​​တွေကြား Highwayလမ်းမကြီးထက်​တွင်​ ​မောင်းနှင်​​နေ​သော ကားတစ်​စီး
ကား​ပေါ်တွင်​ ​ပျော်​ရွှင်​စွာ သီချင်း​လေးငြီးငြူ​နေတသာ မိသားစု​လေး
"​မေ​မေ"
"ရှင့်​"
"သမီးကိုပိုချစ်​လား ​ဖေကြီးကိုပိုချစ်​လားဟင်​"

စကားတတ်​စွာ ​မေးလိုက်​​သော သမီး​လေးရဲ့အသံ​ကြောင့်​ မင်း ကား​မောင်း​နေရင်းမှ သမီး​လေးကို မှန်ထဲက​ကြည့်​မိလိုက်​သည်
တေးမှာလဲ သမီး​လေးရဲ့အသံ​ကြောင့်​ ပြုံးစိစိဖြင့်​ နံ​ဘေးတွင်​ထိုင်​​နေ​သော သမီး​လေးရဲ့​ခေါင်း​လေးအားသပ်​ကာ

"ဘာလို့​မေးတာလဲသမီးရဲ့"
"သိချင်​လို့​ပေါ့​မေ​မေရဲ့"
"​မေ​မေက ​ဟောဒီသမီး​လေးကို ပိုချစ်​တာပါရှင့်​"

သမီးချစ်​သူအားနမ်းကြူကာ ​ပြောလိုက်​​သော ​တေးအားမင်းကြည့်​ကာ ပြုံးရင်း
"​တေး သမီး​လေးကို မလိမ်​ရဘူး​လေ"
မင်း ပြုံးစစဖြင့်​ စလိုက်​​သော်​ ကျူး​လေးက နှုတ်​ခမ်း​လေးစူကာ
"​မေ​မေလိမ်​တာ ကြည့်​ပါလား ​ဖေကြီး​တောင်​​ပြော​နေပြီဟွန့်​"
သမီး​လေးစကား​ကြောင့်​ ​တေး မှန်​ထဲကကြည့်​​နေ​သော ကို့အား လှမ်းမျက်​​စောင်းထိုးလိုက်​မိသည်
"ကို​နော်​ ဘာ​တွေ​လျှောက်​​ပြော​နေတာလဲ"
"မဟုတ်​ဘူးလား​တေးရဲ့"
"ကို​နော်​ ​ပြော​လေကဲ​လေပါလား သမီး​လေးတစ်​မျိုးထင်​​တော့မယ်​"
"အမှန်​​တွေ မဟုတ်​ဘူးလား"

ကြားထဲက သမီး​လေးက နှုတ်​ခမ်း​လေးစူကာ​ပြော​နေလျက်
တေး သမီး​လေးအား ဖက်​ကာ နားနားတိုးတိုးကပ်​၍
"သမီး​ဖေကြီးကို လိမ်​ထားတာ ​မေ​မေချစ်​တုံး​လေးက ​ဟောဒီက သမီး​လေး"
တေးစကား​ကြောင့်​ သမီး​လေးက တခစ်​ခစ်​ရီကာသ​ဘောကျ​နေလျက်
"ဒါက လျှို့ဝှက်​ချက်​​နော်​"
တေး သမီးအနားတိုးကာ​ပြောလိုက်​လျှင်
"ဒီသားအမိ​တွေတိုးတိုးနဲ့ ဘာ​တွေ​ပြော​နေကြတာလဲ"
"​ပြောစရာလား ဒါက​မေ​မေနဲ့ ကျူးကြားကလျှို့ဝှက်​ချက်​"
"လုပ်​ကြ​ပေါ့"
မင်း ခပ်​တည်​တည်​ဖြင့်​ စိတ်​ဆိုးသွားချင်​​ယောင်​​ဆောင်​လိုက်​​သော်
လည်​လွန်းလှ​သော သမီး​လေးက
"​ဖေကြီး​နော်​ ဒီ​နေ့က ကျူး​မွေး​နေ့​နေယ်​ စိတ်​​ကောက်​မလို့လား"
"အလည်​မ​လေး"
"​​ဖေကြီး​ ​မေ​မေ သမီးကို ဘာလက်​​ဆောင်​မှ မ​ပေးရ​သေးဘူး​နော်​"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now