Episode❦ 25 ❦

1.3K 56 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 25 ❦

"ရာဇ်​ရာမကြာခင်​လက်​ထပ်​​တော့မယ့်​သတို့​သား​လောင်းတဲ့ ရုပ်​ကြီးကလည်းကွာ ဘာလဲ မင်းရဲ့သတို့သမီး​လေးနဲ့ အဆင်​မ​ပြေတာလား"
တိုက်​စကားကို.ရာဇ်​ဘာမှပြန်​မ​ပြောမိ
သူမ​လေးခုချိန်​ထိသူ့ကိုစိတ်​ဆိုး​နေတုန်းပင်
"မိန်းက​လေး​တွေကို နားမလည်​​တော့ဘူး ဒီ​လောက်​​တောင်းပန်​​နေတာကိုကွာ"
ရာဇ်​စိတ်​ရှုပ်​စွာဆံပင်​ကြားထဲ လက်​​ချောင်း​တွေထိုးဖွမိလိုက်​သည်
"အဟွန့်​ မိန်းမ​တွေအ​ကြောင်းမင်းကပိုသိမှာ​ပေါ့ရာဇ်​ရာ မင်းကplayboyကို"
"ကျစ်​!!!!ဒါ​ပေမယ့်​ ရင်​ကဘယ်​မိန်းက​လေးနဲ့မှမတူဘူး သူ့စိတ်​ကခန့်​မှန်းရခက်​တယ်​"
"ငါထင်​တယ်​ မင်းသူ့ကိုအချိန်​​ပေးသင့်​တယ်​ထင်​တယ်​ မင်းပဲအကုန်​တဇွတ်​ထိုးလုပ်​ခဲ့တာပဲ​လေ မဟုတ်​ဘူးလား နည်းနည်း​တော့အ​လျော့​ပေး​ပေါ့ကွာ"
"ငါလည်းဘာလုပ်​​နေလို့လဲ"
စည်​သူစကားကို ရာဇ်​ပြန်​​မေးလိုက်​​တော့ တိုက်​နဲ့စည်​ကပြုံးကာ
"မင်း​သေချာပြန်​စဉ်းစားကြည့်​ မင်းသူ့ကိုအဆုံးရှုံးမခံနိုင်​လို့ခိုး​ပြေးခဲ့တယ်​ဆို​ပေမယ့်​ သူ့သ​ဘောမပါခဲ့ဘူး ခုလက်​ထပ်​ပွဲလဲအဲ့တိုင်းပဲ အဲ့​တော့အချိန်​နည်းနည်း​တော့​ပေး​ပေါ့ကွာ ပြီး​တော့မင်းတို့ပွင့်​ပွင့်​လင်းလင်းရှိသင့်​တယ်​"
"Right စည်​စကားကိုငါ​ထောက်​ခံတယ်​ relationshipတစ်​ခုမှာတစ်​​ယောက်​နဲ့တစ်​​ယောက်​ပွင့်​ပွင့်​လင်းလင်းရှိရမယ်​ နားလည်​ရမယ်​"
"ရှုပ်​​နေတာပဲ"
ရာဇ်​ ငြီးလိုက်​​သော်​ စည်​နဲ့တိုက်​ကပြုံးကာ
"အဟွန့်​ ရှုပ်​ရင်​လဲ အရင်​လိုတစ်​​ယောက်​ထဲပြန်​​နေ​ပေါ့ကွာ အရင်က​မင်းပဲအိမ်​​ထောင်​မပြုချင်​ဘူးဆို"
"အဲ့တာအရင်​က​လေ ခုမှမဟုတ်​တာ"
"အဲ့တာဆို မင်းမှာ​ရွေးချယ်​စရာနှစ်​ခုပဲရှိတယ်​ အဆုံးရှုံးခံမလား နားလည်​​ပေးနိုင်ေ​အာင်​ကြိုးစားမှာလား"
တိုက်​စကားကို ရာဇ်​ငြိမ်​သက်​စွာ နား​ထောင်​​နေရင်း လက်​ကနာရီကိုကြည့်​မိလိုက်​​တော့ ၃နာရီပင်​ထိုးပြီး​နေပြီ
"ငါသွား​တော့မယ်​"
"မင်း​ရောက်​တာမှမကြာ​သေးတာ ညကျClubသွားရ​အောင်​​လေ"
"​တော်​ပြီ ငါရင်​ကိုသွားကြိုဦးမယ်​ မင်​တို့​ပြောသလိုသူ့ကိုနားလည်​​အောင်​ကြိုးစားကြည့်​ရတာ​ပေါ့"
တိုက်​ စည်​ပုခုံးအားဖက်​လိုက်​ကာ
"စည်​ ငါတို့​လောင်းမလား"
"ဘာကိုလဲ"
"ဒီ​ကောင်​ကြီး ဘယ်​​လောက်​ထိစိတ်​ရှည်​နိုင်​မလဲဆိုတာ"
"​လောင်း​ကြေးကဘာလဲ"
စည်​နဲ့တိုက်​စကား​တွေ​ကြောင့်​ ရာဇ်​ ကား​သော့အားယူ​နေရင်းမှ
"အထိုးခံချင်​​နေတာလား ငါသွားပြီ"
ရာဇ်​ လက်​​လေးကာပြကာသွားလိုက်​လျှင်
"​ဟျောင့်​ ရာဇ်​ မင်းကိုမယား​ကြောက်​အ​နေနဲ့​တော့မမြင်​ချင်​ဘူး​နော်​"
တိုက်​ကရာဇ်​ကြား​အောင်​​အော်​ကာစလိုက်​ရင်း

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now