Episode❦ 7 ❦

1.4K 58 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 7 ❦

ရာဇ်​ ​မာမီနဲ့စကားများကာ ​​မွေးစား​ဖေ​ဖေရဲ့ အိမ်​သို့ပြန်​ခဲ့လျက်
ခါးကို​ထောက်​ကာ မျက်​စိထဲမြင်​သမျှ အရာအားလုံးကစိတ်​တိုစရာပြည့်​​နှက်​​နေခဲ့သည်
"အာ!!!!!​တောက်​"
ရာဇ်​ စားပွဲ​ပေါ်ကပစ္စည်း​တွေအား လက်​ဖြင့်​တိုက်​ချကာ ​ဒေါသတကြီးဖြစ်​​နေခဲ့ရင်း
💥💥ဒုန်း ခလွမ်း💥💥

ရာဇ်​ အိမ်​သို့​ဒေါသတကြီး​ရောက်​လာကာ ​​ပေါက်​ကွဲ​နေ​သည်​ဟု အိမ်​ကအလုပ်​သမားများphoneဆက်​သဖြင့်​ မင်းသူ အ​ပြေးပြန်​ခဲ့ရသည်​မလား
အခန်းထဲပင်​ မ​ရောက်​​သေး အိမ်​ထဲဝင်​လိုက်​ထဲက ပစ္စည်း​တွေ လွင့်​ပစ်​သံများဆူညံ​ခဲ့ရင်း
ရာဇ်​ အခန်း​ရှေ့မှာ ​မျက်​နှာငယ်​​လေး​တွေဖြင့်​ ရပ်​​နေ​သော အ​စေခံများအား
"ကိုယ့်​အလုပ်​ကိုယ်​သွားလုပ်​ကြ"
"ဟုတ်​ကဲ့"
မင်းသူ အလုပ်​သမား​တွေ မရှိ​တော့မှ
✊​ဒေါက်​......​ဒေါက်​✊
"ရာဇ်​​လေး ဦးဦးကိုတံခါးဖွင့်​​ပေးပါဦး"
"........."
အထဲမှ ဘာမှမတုံပြန်​လာ​သော​ကြောင့်​ မင်းသူတံခါးအားထပ်​​ခေါက်​လိုက်​သည်
"ရာဇ်​​လေး"
ဂျောက်
တံခါးဖွင့်​လာ​သော ရာဇ်​ မျက်​နှာက နီးမြန်း​နေစွာ
လက်​တွင်​လည်း ထိခိုက်​ပွန်းပဲ့ဒဏ်​ရာများ
"ဦးဦးဝင်​ခဲ့မယ်​​နော်​"
အောင်​သူ ရာဇ်​အခန်းထဲ​ခြေလှမ်းလိုက်​​တော့ ခုနက​သောင်းကြမ်းထားသဖြင့်​ ပစ္စည်းများနှင့်​ ဖန်​ခွက်​အပဲ့များပြည့်​နှက်​​နေခဲ့သည်

ရာဇ်​ ​မွေးစား​ဖေ​ဖေအားတံခါးဖွင့်​​ပေးသည်​ထိ ​ဒေါသမ​ပြေ​သေး
ဒေါသထွက်​​နေ​သော ရာဇ်​အနားအား မင်းသူဝင်​ထိုင်​လိုက်​သည်
"ရာဇ်​​လေး အိမ်​မှာတစ်​ခုခုဖြစ်​ခဲ့လား"
"အင်း"
"သားမာမီနဲ့လား"
"........"
ပြန်​မ​ဖြေလာ​သော​ကြောင့်​ မင်းသူသက်​ပြင်းချကာ
"ရာဇ်​မာမီနဲ့ ဒီလိုပဲ အမြဲ ရန်​ဖြစ်​​နေကြမလား ရာဇ်​မာမီကလဲ စိတ်​ဆိုးတုန်းခဏပါ"
"ဒီတစ်​ခါ​တော့ မာမီလွန်​တယ်​ ကျွန်​​တော့်​ကိုနှိမ်​တယ်​"
"သားမာမီနဲ့ ဘာဖြစ်​လာခဲ့တာလဲ ဦးဦးကို​ပြောပြ"
ရာဇ်​ ဖြစ်​​ကြောင်းကုန်​စင်​ကို ​မွေးစား​ဖေ​ဖေအား​ပြောပြလိုက်​သည်
ရာဇ်​အတွက်​​မွေးစား​ဖေ​ဖေက သူငယ်​ချင်းတစ်​​ယောက်​လိုပင်
ရာဇ်​လိုချင်​တာမှန်​သမျှ ​တောင်းလျှင်​ ဖြစ်​​အောင်​လုပ်​​ပေးတတ်​သူ
ရာဇ်​ကို ဘယ်​​တော့မှ မှားသည်​ဟူ၍ မ​ပြောဖူး

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now