Chapter 12(Unicode)

Start from the beginning
                                        

'ဟင်...'

'ရှူး...ကိုယ်လုပ်တာကို ငြိမ်ငြိမ်လေးခံနေ..'

'ဟင်...ဘာလုပ်...မလို့လဲ...'

'အဟင်း..တိုးတိုးနေပါဆိုကွာ...ကိုယ်လုပ်ပြီနော်..'ဟုဆိုကာ နှောင်းရိပ်ရဲ့ မျက်နှာအနားကို ရှင်းစက်က တိုးကပ်လာတော့  နှောင်းရိပ်လည်း ကြောက်အားလန့်အားနဲ့ မျက်လုံး မှိတ်လိုက်တော့

နှောင်းရိပ်ရဲ့ နှုတ်ခမ်းကို ထိတွေ့လာသော အထိအတွေ့...

ကြောင်တောင်တောင်နဲ့ မျက်လုံးပြူးကာ ဖွင့်ကြည့်တော့

အကိုရှင်း..အကိုရှင်းက နှောင်းရိပ် နှုတ်ခမ်းကို ဆေးလိမ်းပေးနေတာလား...

ကြည့်ရတာ ကျွန်တော် စိုက်ကြည့်တာကို အကိုရှင်း သိပုံရတယ်..

ခဏကြာတော့

'အကောင်ပေါက်...ကိုယ့်ကို အဲ့လို ပြူးပြူးကလေးနဲ့ စိုက်ကြည့်နေတာ ကိုယ် စိတ်မထိန်းနိုင်ဘဲ ဆွဲနမ်းမိလိမ့်မယ်နော်...အဟင်း...ဒီမှာ မနည်း စိတ်ထိန်းထားရတာ...'

'အာ...ဟို..မလုပ်ပါနဲ့...အ..စပ်တယ်...'

'ငြိမ်ငြိမ်မှ မနေဘဲ...အကောင်ပေါက်က...ကိုယ့်ကို ပြန်စွာနေတော့ ဆေးလိမ်းနေရတာ အဆင်မပြေဘဲ အနာပေါ် ပွတ်ဆွဲမိသလိုဖြစ်သွားတာလေ..မလှုပ်နဲ့ကွာ...မဟုတ်ရင် ထပ်စပ်နေလိမ့်မယ်..'

'....'

'ရင်တွေခုန်နေတာလား အကောင်ပေါက်....'

'မဟုတ်...'

'ညာမနေနဲ့..ကိုယ်သိတယ်...စောစောက ကိုယ် နမ်းမယ်ထင်ပြီး ရင်ခုန်သွားတာမလား...'

'အာ..မဟုတ်ပါဘူးဗျ...'

'ဟက်..စိတ်ချ..ဒီနေ့တော့ မနမ်းပါဘူး..နှုတ်ခမ်းက ကွဲနေတာကို..ကိုယ် က အဲ့လောက် မရက်စက်ပါဘူးကွာ...မနေ့က ကိုယ့်ကြောင့် နှုတ်ခမ်းပေါက်သွားလို့ အခုက ဆေးလာလိမ်းပေးတာ..'

'ဗျာ...'

အကိုရှင်းက ဒီနေ့ မနမ်းဘူးဆိုတော့ နောက်နေ့ကျ...

အာ...ဘာတွေ စဉ်းစားနေတာလဲကွာ...

'ကဲ..ကိုယ်တော်လေးရေ..ဆေးလိမ်းပြီးသွားပြီနော်..ရော့..ဒါဆေးလေးကိုယူထား..နောက်ကျ လိုရင်လိုလာမှာ...'

'ဟင်...လို..လိုလာဦးမှာ..???'

'ဟက်....ထားပါ...ပြီးတော့ အကောင်ပေါက်ကို ပေးစရာလေးရှိသေးတယ်...ခဏလေးနော် ...'ဟုဆိုကာ ဘေးက ရပ်ထားသော ကားထဲက ပစ္စည်းလေးကို ထုတ်ယူပြီး နှောင်းရိပ်လက်ထဲကို ထည့်ပေးလိုက်တော့

'ပန်းစည်း...ပြီးတော့ နှင်းဆီဖြူ....ဒါဆို အရင့်အရင် သောကြာနေ့ရောက်ပြီဆိုတိုင်း အခုလို ကျွန်တော့်စီ နှင်းဆီဖြူပန်းစည်းနဲ့ စာတွေရေးပြီးပေးတာ ...'

'ကိုယ်ဘဲလေ...အရင်က ကိုယ့်ရဲ့ လူယုံကို ပို့ခိုင်းတာ..ကိုယ်က နိုင်ငံခြားရောက်နေလို့..အခု ကိုယ်ပြန်လာပြီဆိုတော့ သောကြာနေ့တိုင်း ကိုယ် အကောင်ပေါက်လေးကို ကိုယ်တိုင်လာပေးမယ်...'

'....ဒါတွေက....'

'မေးခွန်းတွေ သိပ်မေးနေရင် အတန်းနောက်ကျလိမ့်မယ်နော်...အကောင်ပေါက်...'

'အာ..ဟုတ်သား...ကျွန်တော်...သွား..သွားတော့မယ်..'

'အင်း...'

'အကောင်ပေါက်...!!'

'ဟုတ်..'ဟုဆိုကာ ရှင်းစက်ဘက်ကို နှောင်းရိပ်မျက်နှာ လှည့်ကာ ဖြေတော့

'ပြွတ်စ်...'

'ရပြီ...သွားတော့..ညကျ ဖုန်းဆက်လိုက်မယ်...အကောင်ပေါက်...'ဟုဆိုကာ နှောင်းရိပ်ပါးကို နမ်းပြီး ဆံပင်ကို ဖွရင်း ရှင်းစက်တစ်ယောက် ကားပေါ်တက်ကာ ထိုနေရာမှ ကားမောင်းထွက်သွားတော့သည်။

ကျောင်းဝန်းထဲမှာတော့ နှောင်းရိပ်တစ်ယောက် ပန်းစည်းနဲ့စာကို လက်လေးထဲမှာပိုက်ကာ နားမလည်နိုင်သော မျက်ဝန်းများနဲ့သာ ထိုသူ ထွက်သွားရာကို စိုက်ကြည့်ရင်း ကျန်ခဲ့တော့သည်။

⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️

Author's note

နေ့တိုင်း up ပေးနေတယ်နော် ဒီက သာသာက...

Upလုပ်ပြီးတာနဲ့ တန်းဖတ်ပေးကြတဲ့ ကလေးလေးတွေကြောင့်လည်း ဒီက ဆက်ရေးဖို့ အားတွေ ရလာခဲ့ပါတယ်..

ကြားထဲ အသည်းလေးတွေက vote လေးတွေပါပေးတော့ သာသာဝတ်ရည် အတိုင်းထက်အလွန်ကို ပျော်မိတာပေါ့ကွယ်...

ချစ်တယ်နော်...ကလေးတွေ..

နောက်အပိုင်းကျရင် ပြန်တွေ့ကြမယ်ကွယ်...
အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကြောင့် ကြားထဲလည်း ဂရုစိုက်ကြပါ...တတ်နိုင်ရင်ဘအပြင်မထွက်ဘဲ အိမ်ကနေဘဲငြိမ်းချမ်းစွာ ဆန္ဒပြကြပါရှင့်..

ဒီက သာသာဆိုရင် အိမ်မှာနေပြီး ည၈နာရီဆို သံဗုံး အကြီးအကျယ်တီး..ကမ္ဘာမကျေသီချင်းကို အသံဗြဲနဲ့အော်ဆိုကြပါလို့...😅😅😅

ဂရုစိုက်ကြပါရှင့်...
💋💋💋❤️❤️❤️

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now