Chapter 12(Unicode)

Start from the beginning
                                        

ထိုအခါမှ နှောင်းရိပ်လည်း သတိရတော့သည်။

စောစောက ရှေ့ကနေ အကိုရှင်းနဲ့ တိုက်မိပြီး သူ့ရင်ခွင်ထဲကို ရောက်သွားခဲ့တာ..စကားများနေခဲ့တော့ ဒါကို သတိမရဖြစ်သွားတာ..

'အာ..ဖယ်..ဖယ်ဗျာ...ကျွန်တော် အတန်းတက်ရဦးမယ်...'

'မတက်ပါနဲ့လားကွာ..'

'မတက်လို့ ရမလားဗျ...မနေ့ကလဲ အကို့ကြောင့် ပျက်သွားတာ...'

'ကိုယ့်ကြောင့်..???ကိုယ်ဘာလုပ်လိုက်တာလဲ..ဟင်..'

'အကိုရှင်း..အခုမှ မသိချင်ယောင်ဆောင်မနေနဲ့ဗျာ..ဖယ်..သွားတော့မယ်..'

'အဟင်း..မနေ့က...အော် သိပြီ..အကောင်ပေါက်လေးကို နမ်း...'ဘဲ ပြောရတယ်ရှိသေး နှောင်းရိပ်က ရှင်းစက်ရဲ့ ပါးစပ်ကို သူ့ရဲ့ လက်ကလေးနဲ့ အုပ်ကာ

'ဟာ..အကိုရှင်း...ရှူး...ဘာဖြစ်နေတာလဲဗျာ..အဲ့ဒါကို မေ့..မေ့လိုက်တော့...'

'ကိုယ်ကမှ မေ့လို့မရတာ..ဘယ်လိုလုပ်မလဲ..ဒီလိုလုပ်ကွာ..အကောင်ပေါက်က အဲ့ကိစ္စကို မကျေနပ်ဘူးမလား..'

'ဒါပေါ့...မကျေနပ်ပါဘူး..'

'အင်း..ဒါဆို ဘဲစားဘဲချေဖြစ်အောင် ကိုယ့်ကို ပြန်နမ်းလိုက်လေ..'

'အင်း...ဟာ...အကောင်းမှတ်လို့...ရူးနေလို့ အကိုရှင်းကို နမ်းရမှာလား....သွားပါတော့ဗျာ...ကျွန်တော် အတန်းတက်ပါရစေ...'

'အိုကေလေ..ဒါဆိုလည်း..အတန်းတက်ခွင့်ပေးမယ်...ဒါပေမယ့်...'

'အကိုရှင်း...ဘာ..ဘာလို့...ရှေ့တိုးတိုးနေတာလဲ....'

'လုပ်စရာရှိလို့လေ...'

'အကိုရှင်း....စနေတာဆိုရင်လည်း..တော်...တော်ပါတော့ဗျာ...'

'ကိုယ့်ရုပ်က စနောက်နေတဲ့ပုံပေါ်လို့လား...'

ရှင်းစက်က ရှေ့တိုးလေ နှောင်းရိပ်က နောက်ဆုတ်လေဖြစ်တာကြောင့် နောက်ဆုံး နှောင်းရိပ်လည်း ဆုတ်စရာ နေရာမရှိတော့ဘဲနံရံနဲ့ တိုက်မိတော့မည့်ဆဲဆဲ..

ရှင်းစက်က နှောင်းရိပ်ကို ခါးကနေ ဆွဲကိုင်ထိန်းကာ

'အကောင်ပေါက်..ထပ်မဆုတ်နဲ့တော့..အနောက်မှာ နံရံဘဲ ရှိတော့တယ်ကွ..ခေါင်းစောင့်မိလိမ့်မယ်...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now