Chapter 12(Unicode)

Start from the beginning
                                        

သူ...သူ..ဘာလို့ ဒီမှာ ရှိနေရပြန်တာလဲ...

မနေ့ကလို ထူးထူးဆန်းဆန်းမျိုးဒီနေ့ လုပ်လာရင် ဘဘလည်းရှိတော့ အဆင်မပြေဘူး..ဘယ်လိုလုပ်ရပါ့...

'ဟူး....'

'ဟဲ့..သားလေး..ဘာဖြစ်လို့ သက်ပြင်းတွေ ချနေရတာလဲ..အတန်းကို မသွားသေးဘူးလား..'

'အာ..ဟို..ဟုတ်..သား သွားမလို့...အိမ်မှာ သား ဘာတွေ ကျန်ခဲ့သေးလဲလို့ စဉ်းစားနေတာ...အခုမှသတိရတယ်...ဘောပင်အိတ်ကျန်ခဲ့တာဘဲ...ရတယ် ဘဘ..သား အိမ်ပြန်လိုက်ယူလိုက်မယ်...'

'အယ်..သားရယ်..ဒီအထိဘဲ ရောက်လာပြီးပြီဘဲ..ဘောပင်ကျန်ခဲ့တာများ ဝယ်သုံးလိုက်ပေါ့...နော်...အိမ်ပြန်မနေနဲ့တော့...'

'အော်..ဟုတ်...ဘဘ..ဒါဆို သားသွားတော့မယ်နော်..ဘဘ..'

'အေး..'

ဘဘက နှောင်းရိပ်ကို ချပြီး ဘဘကားလေး ထွက်သွားသည်အထိ မျက်စိတစ်ဆုံးလိုက်ကြည့်မိနေတော့သည်။

ပြီးတော့ စိတ်လှုပ်ရှားခြင်းများစွာဖြင့် နှောင်းရိပ်ရဲ့ ခြေလှမ်းတွေကို အသက်သွင်းလိုက်ကာ ခပ်မြန်မြန်လျှောက်ရင်း အကိုရှင်းရှိတဲ့နေရာကိုလည်း မသိမသာ မျက်စိကစားကြည့်တော့

ဟယ်....အကိုရှင်း မရှိတော့ဘူး..ကြည့်ရတာ ပြန်သွားပြီထင်တယ်...ဟူး..အခုမှဘဲ...စိတ်အေးရတော့တယ်..

နှောင်းရိပ် မျက်နှာမှာလည်း အပြုံးတစ်ခု ဆင်မြန်းကာ မြန်မြန်ဆန်ဆန်ဘဲ လျှောက်လာလေတော့

'ဘုတ်...!!'

'အ...အမလေး...!!'

'Hello....good morning...'

'အကိုရှင်း...!!!ပြန်..ပြန်သွားပြီ..မဟုတ်ဘူး..လား...ဟင်...'

'အကောင်ပေါက်လေးကို မတွေ့ရမချင်း ကိုယ်က ဘယ်ပြန်လို့ ရမလဲ...မဟုတ်ဘူးလား..'

'အင်း..ဟာ...မဟုတ်ပါဘူး..'

'ဟက်..ဘာကို မဟုတ်တာလဲ အကောင်ပေါက်လေးရဲ့...'

'မသိဘူး...ပြီးတော့ ကျွန်တော်က အကောင်ပေါက်မဟုတ်ပါဘူးဗျ..နှောင်းရိပ်လေဗျာ..အဲ့လိုကြီးမခေါ်ပါနဲ့...'

'အဟင်း..အကောင်ကဖြင့်သေးသေးလေးဘဲရှိတာကို..အခုဘဲ ကိုယ့်ရင်ခွင်ထဲမှာ မင်းရဲ့ ကိုယ်လုံး ပိစိလေး ဝင်နေတာကိုဘဲ ကြည့်လေ...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now