Chapter 12(Unicode)

Start from the beginning
                                        

ကြည့်ရတာ သူ ကျွန်တော့် အပေါ်မှာ အရင်ထဲက ခံစားချက်ရှိခဲ့တာလား..

မသိပါ..ဒါဆိုလည်း ပိုတောင် အဆင်ပြေတာပေါ့..

မင်းက သိပ်ကို ရယ်ရတာဘဲနော်...အကောင်ပေါက်

ထားပါ..ကျွန်တော့် plan ထဲမှ ဒီနေ့ အတွက်နောက်ဆုံးအနေနဲ့ သူ့အိမ်ရှေ့ထိသွားကာ သူ့ကို အီစီကလီလုပ်ပြီး နောက်ဆုံး ချစ်တယ်ဆိုတဲ့ စကားကိုတောင်ပြောခဲ့သေး..

အိမ်ရောက်တာနဲ့ ဒီနေ့ရဲ့ ပုံရိပ်တစ်ခုချင်းစီကို မြင်ယောင်လာရင်း ရှင်းစက်တစ်ယောက် သဘောတကျ ရယ်မိတော့သည်။

နှောင်းရိပ်...သူကတော့ အတွေးများစွာနဲ့ပေါ့...

''အကောင်ပေါက်ရဲ့...လွမ်းနေခဲ့တာ...ကိုယ် က အရမ်းချစ်တယ်နော်...''

အဲ့ဒါက ဘာသဘောလဲ အကိုရှင်း...

ကျွန်တော့်ကို အကိုရှင်းက ချစ်တယ်လို့ ဝန်ခံတဲ့ သဘောလား...ဟင့်အင်း...မဟုတ်ဘူး...အကိုရှင်းမှာက မမ သဒ္ဓါရှိတယ်လေ..

မမသာ ဒီကိစ္စသိရင် တော်တော် စိတ်မကောင်းဖြစ်မှာ...

အကိုရှင်းရယ်..နှောင်းရိပ်ကို တကယ်မချစ်ဘူးဆိုရင်လည်း ဆက်ပြီး မလှည့်စားပါနဲ့အကို...

နှလုံးသားဆိုတာ ဖန်ခွက်တစ်ခုလိုပါဘဲ ကိုကို..ကွဲလွယ် ရှလွယ်တယ်ဗျ...

ကျွန်တော်ဘက်က ကိုကို့ကို မမေ့နိုင်တာမှန်ပေမယ့် ကျွန်တော့်ဘက်ကနေဘဲ တဖက်သက်ချစ်နေရတဲ့အချစ်ကဘဲ လုံလောက်နေပါပြီဗျာ...

⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️

နောက်တစ်နေ့ နှောင်းရိပ်လည်း သင်တန်းကို သွားခဲ့တယ်..ဒီနေ့တော့ ဘဘက နှောင်းရိပ်ကို လိုက်ပို့ပေးတယ်လေ...

'ကဲ..သား..ရောက်ပြီ...'

'ဟုတ်..ဘဘ..ဟိ..ကျေးကျေး...'

'ဟုတ်ပါပြီဗျ...ကဲ..အတန်းနောက်ကျလိမ့်မယ်...သွားတော့နော်...'

'ဟုတ်...'ဟုဆိုပြီး ကားပေါ်က ဆင်းဖို့ အလုပ် မလှမ်းမကမ်းမှာ ရပ်နေသော ရင်းနှီးသည့် ပုံရိပ် တစ်ခုကြောင့် အပြင်သို့ လှမ်းမည့် ခြေအစုံဟာ ရုတ်ချည်းရပ်တန့်သွားရသည်။

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now