ထိုနေရာသည် ယခုတော့ မြေကွက်လပ်ကြီးနှင့် မြေကွက်လပ်အလယ်တွင် နတ်ကွန်းလေးတစ်ခုသာ ရှိနေသည်။ ကျင့်ကြံသူတို့သည် နတ်ကွန်းငယ်လေးထဲဝင်၍ စူးစမ်းချင်ကြသော်လည်း ရှေ့မတိုးရဲကြပေ။

       ဟွမ်ကျင်းရွှေသည် ရောက်လျှင်ရောက်ချင်း သူ၏လက်နက်ဖြင့် ထိုနတ်ကွန်းကို နှစ်ပိုင်း ခွဲပစ်လေသည်။

'ဝုန်း......'

       နတ်ကွန်းသည် နှစ်ပိုင်းခွဲခံလိုက်ရပြီး ဘေးဘက်သို့ လွင့်ထွက်သွားကုန်သည်။ ပြင်းထန်တဲ့ သိဒ္ဓိစွမ်းအင်ကြောင့် ကျင့်ကြံသူတွေအားလုံး ဟွမ်ကျင်းရွှေကို မျက်လုံးပြူးကြည့်လာကြလေသည်။

       မတိုင်ခင်က ဘုံကျောင်းအနောက်တွင် ဟွမ်ကျင်းရွှေနှင့် စကားပြောခဲ့သော ကျင့်ကြံသူတစ်ယောက်သည် ရှေ့ထွက်လာ၍

"ဟွမ်ကျင်းရွှေ..... မင်းဒါဘာသဘောလဲ"

"ဟုတ်တယ်.... သူကဘာကြောင့် နတ်ကွန်းကို ဖျက်စီးပစ်ရတာလဲ"

"သူဘာလုပ်ချင်တာလဲ"

       ဟွမ်ကျင်းရွှေသည် ပျက်စီးသွားပြီဖြစ်တဲ့ နတ်ကွန်းရှေ့တွင် မတ်တပ်ရပ်ဆဲဖြစ်ကာ သူကလော့လော်လက်ကိုဆွဲ၍ သူ့အနောက်တွင် ရပ်စေလိုက်သည်။ သူကတော့ ရပ်ကြည့်နေသည့် ကွက်လပ်ထဲက ကျင့်ကြံသူများဘက်သို့ မျက်နှာမူရပ်လိုက်၏။

"ဒီနေ့.... ကျွန်တော် လက်စားချေမယ်.... ကျွန်တော့်အမေကို အသုံးချပြီး မသေမရှင်လုပ်ခဲ့တဲ့ ဟုန်ကျင်းချင်ဂိုဏ်းချုပ်ကို လက်စားချေမယ်.... မဆိုင်တဲ့သူ ထွက်သွား...."

       ကျင့်ကြံသူများအားလုံး ခေါင်းစားသွားသည်။ ဟွမ်ကျင်းရွှေက ဂိုဏ်းချုပ်ကို လက်စားချေမယ်လို့ ပြောလိုက်တာဖြစ်ပြီး ဟွမ်ကျင်းရွှေရဲ့အမေကိုလည်း မသေမရှင်ဖြစ်အောင် လုပ်တယ်ဆိုသော အချက်ကိုလည်း ထည့်စဥ်းစားရင်း သူတို့သည် အံ့သြဆွံအနေကြသည်။

       ဟွမ်ကျင်းရွှေသည် လက်ဝါးဖြန့်၍ သိဒ္ဓိစွမ်းအင်တို့ ပြည့်လျှံနေသော စုတ်တံတစ်ချောင်းကို ထုတ်လိုက်သည်။

'ရွှမ်း......'

'ဝုန်း......'

       ဓားစွမ်းအင်တစ်ချက် ရောက်ရှိလာသည်။ ဟွမ်ကျင်းရွှေတို့အားလုံး တစ်ပြိုင်တည်း ရှောင်တိမ်းလိုက်သောအခါ ဓားကြီးတစ်ချောင်းသည် သူတို့အလယ်တွင် ထိုးစိုက်သွားလေ၏။ တိမ်လွှမ်းတောင်ထွတ်ကို ထိုးဖောက်လာသည့် ဓားကြီးပင်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now