လင်းရှောက်ချီက တကယ်တမ်းကျတော့ ဒီလိုလူမျိုးဖြစ်တယ်ဆိုတာကို စုပေ မြင်တွေ့ရဖို့ မမျှော်လင့်ထားခဲ့မိဘူး : သူ့စကားတွေနဲ့ လှုပ်ရှားဟန်တွေက သူ့ကို တည်ငြိမ်၊ အေးဆေးပြီး အသိဉာဏ်ကြွယ်ဝသူ တစ်ယောက်အဖြစ် ပြသနေကာ သူ့ရဲ့တောင့်တင်းခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်မှုရရှိနေတဲ့ စီးပွားရေးစွမ်းဆောင်ရှင် တစ်ယောက်၏ပုံရိပ်နှင့် အပြည့်အဝကို လိုက်ဖက်ညီနေတယ်။ ဒီလက္ခဏာတွေက ဝတ္ထုထဲရှိ Mr.ချင်၏ ဖော်ပြချက်နှင့် အတော်လေး ဆင်တူလှတယ်။

စုပေရဲ့အကြည့်တွေကို သတိထားလိုက်မိတော့ လင်းရှောက်ချီလည်း သူမကိုပြန်ကြည့်လိုက်တယ်။

အရမ်းလှတဲ့မိန်းကလေးတစ်ယောက်ပဲ-မနေ့က သူစုပေနဲ့ ပထမဆုံးအကြိမ် တွေ့လိုက်ရတဲ့အချိန်တည်းက လင်းရှောက်ချီဆီမှာ ဒီထင်မြင်ချက်မျိုး ရှိနေခဲ့တာဖြစ်တယ်။ သို့သော် သူမရဲ့ခပ်တည်တည်အမူအရာက မူးနေတဲ့ပုံစံနှင့် ကွဲပြားခြားနားနေခဲ့ကာ အခုချိန်မှာတော့ ကောင်မလေးရဲ့မျက်နှာလှလှလေးက ဆွဲဆောင်မှုအပြည့် ရှိနေတဲ့အပြင် ခပ်ဖျော့ဖျော့လေး ပြုံးနေခဲ့တာကြောင့် ကြည့်ရှုသူကို ကောင်းမွန်တဲ့ ခံစားချက်တစ်ခု ပေးနေတယ်။

လင်းရှောက်ချီက သူ့ခေါင်းကို ချင်ရှောက်ဖက်သို့လှည့်ပြီး ရိုးသားစွာ ပြောလိုက်တာက : “Mr.ချင်, မနေ့က ဖြစ်ခဲ့တာတွေက ကျွန်တော့်အမှားပါ။ မနေ့တုန်းက အခြေအနေကသိပ်အဆင်မပြေလို့ ကျွန်တော် ဒီနေ့ လာတောင်းပန်တာပါ” သူက တစ်ဖန် စုပေကိုကြည့်လိုက်ရင်း : “သခင်မလေး ချင်, မနေ့က မင်းမတော်တဆ ဝိုင်တွေသောက်မိအောင် လုပ်ခဲ့မိတဲ့ ကျွန်တော်တို့ရဲ့အမှားအတွက် ကျွန်တော် တောင်းပန်ပါတယ်ဗျာ”

“နောက်ပြီး, ဒါလေးက ကျွန်တော်တို့ လင်းမိသားစုရဲ့ စေတနာသေးသေးလေးပါ။ မင်းကြိုက်မယ်လို့ မျှော်လင့်ပါတယ်” လင်းရှောက်ချီက လက်ဆောင်ဘူးကိုထုတ်ပြီး စုပေအရှေ့က စားပွဲပေါ်မှာတင်လိုက်တယ်။

ဘူးထဲမှာတော့ ရိုးရှင်းသော်ငြား တစ်မူထူးခြားတဲ့ဒီဇိုင်းရှိကာ အလွန်တရာ ထူးခြားကောင်းမွန်လှတဲ့ အပြာရောင် စိန်လက်ကောက်တစ်ကွင်းဖြစ်တယ်။ ဒီအလည်အပတ်သွားမှုအတွက် သူကြိုတင်ပြင်ဆင်ထားခဲ့တဲ့ လက်ဆောင်များမှလွဲ၍ လင်းရှောက်ချီက ဒါလေးကို စုပေအတွက် အထူးသီးသန့် ဝယ်ယူထားခဲ့တာဖြစ်တယ်။ ဒီလက်ကောက်လေးက သူအလောတကြီး ဝယ်ယူထားခဲ့တဲ့အရာမျိုးမဟုတ်ဘဲ လင်းမိသားစုပိုင် ပစ္စည်းတစ်ခုဖြစ်တယ်။ ဒါလေးက ယခင်က လင်းရှောက်ချီ၏မိခင်ဖြစ်သူ မဒမ် လင်း ပိုင်ဆိုင်တဲ့ စုဆောင်းမှုများထဲက တစ်ခုဖြစ်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now