Chapter 5(Unicode)

Start from the beginning
                                    

'အမလေး..ရောက်တာကြာပေါ့ရှင်..ရှင်လေးနိုးပြီး ပြတင်းပေါက် ကို ကြည့်တည်းက ဆိုပါတော့...ဘာတွေကို စဉ်းစားပြီး အဲ့လောက်တောင် ပြုံးနေရတာလဲ သားလေးရဲ့...'

'ဟိ..ဘာရယ် မဟုတ်ပါဘူး..ဒီတိုင်း ဟိုဟာ ဒီဟာ စဉ်းစားမိလို့ပါ...'

'ဟုတ်ပါပြီ...'

'ဟို..ကြီးမေ...ဘဘကောဟင်...'

'ရှိပါ့ရှင်..'

'သားလေးရေ..!!'

'အော်..ပြောရင်းဆိုရင်း လာပါပြီရှင်...'

'Morning သားလေး...'

' Morning ဘဘ...'

'အမလေး..ညိုရေ..သားလေး မျက်နှာကို ကြည့်ရတာ ဒီနေ့ နည်းနည်းများ လန်းနေသလားလို့...'

'ဟုတ်ပါ့ရှင်...ညို ဝင်လာတည်းက ပြုံးတေတာလေ..အဟင်း...ဘာကို ပြုံးလဲဆိုတာကတော့..'

'ကြီးမေကလည်း...'

'ဟား..ကဲပါ ညိုရယ်..ကလေးကို မစပါတော့နဲ့...'

'ကောင်းပါပြီတော်...'

'ဒီကမ္ဘာမှာ ဘဘကသာ အကောင်းဆုံး...'

'ဟား..တွေ့လားညိုရေ...ဟား...'

'အမလေး ..အခုတော့ ဒီက ကြီးမေကို မေ့ပြီပေါ့..ဟုတ်လား ကောင်လေး..'

'ဟီး..မဟုတ်ပါဘူး..ကြီးမေကိုလည်း အားကြီးချစ်..'

'ဟက်..ဟုတ်ပါပြီကွယ်..သားလေး..နိုးပြီဆိုတော့ မျက်နှာသစ် သွားတိုက်..ကိုယ်လက်ဆေးရအောင်လေ..နော်..'

'ဟုတ်..ကြီးမေ..'

'ဘဘ..ဟိ...သားကို တွဲပေးမလားဟင်..'

'ဒါပေါ့ကွ...လာ..ဘဘလက်ကို တွဲလိုက်..'

'ဟုတ်ကဲ့ပါဗျ...'

တခဏအကြာ...

'ကဲ..ဒီတူဝရီး နှစ်ယောက် ..ကြာတယ်နော်...မြန်မြန်လုပ်ကြဟေ့..မုန့်တွေ အေးကုန်တော့မယ်..'

'ဟုတ်..လာပြီ ကြီးမေ..'

'ကဲလာ...ဘာလို့ ကြာနေရတာလဲ သားလေးရယ်..အအေးမိကုန်မှဖြင့်...'

'ဘာမှ မဖြစ်ပါဘူး..သားက အခု ဒေါင်ဒေါင်မြည်နေပါပြီဗျ...'

'ကဲ..ကိုဒေါင်ဒေါင်မြည်...ဘဘခွံကျွေးရမလား...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now