စာအုပ်အနည်းငယ်ကို ဘေးဖယ်လိုက်ကာ ဟွမ်ကျင်းရွှေဘေးတွင် တင်ပျဥ်ခွေ ထိုင်လိုက်သည်။

"ပင်ပန်းနေပြီလား..."
"မပင်ပန်းဘူး"

"ဗိုက်မဆာဘူးလား"
"မဆာဘူး...."

       ဟွမ်ကျင်းရွှေက စာအုပ်ဆီကနေတောင် အကြည့်မခွာပေ။ လော့လော်သည် မုန့်ဝိုင်းတစ်ခုကို ယူကာ ဟွမ်ကျင်းရွှေပါးစပ်ထဲ ထိုးထည့်ပေးလိုက်သည်။ ပြီးနောက် စာအုပ်ကိုယူ၍ မျက်နှာဖုံးကိုကြည့်လိုက်သော် သူမဆီက ဒြပ်စင်အကြောင်း ဖြစ်နေ၏။

"ကျင်းကိုကို...."
"ဘာလို့လဲ"

"ဒီစာအုပ်က အပြီးထိမပါဘူးလေ..."
"ဟင်...."

       ဟွမ်ကျင်းရွှေ သောက်လတ်စ ရေနွေးခွက်ကို ဘေးကိုအသာချ၍ စာအုပ်ကိုပြန်ယူသည်။ နောက်ဆုံးစာရွက်များကို လှန်ကြည့်သော် အားလုံကဗလာနတ္တိ။ ဘာစာမှမရှိချေ။ သူဖတ်နေတာပင် တစ်ဝတ်ရောက်တော့မည်။

       ဒါက စာအုပ်များစွာထဲကနေ သူရှာတွေ့ထားတဲ့ မျှော်လင့်ချက်ကလေးတစ်ခုပင်။ အခုတော့ စာအုပ်က အဆုံးသတ်မရှိဘူးတဲ့လား။ ဟွမ်ကျင်းရွှေ ဒေါသကြောင့် သွေးကြောများပင် ထောင်တက်လာသည်။

"ဘယ်လိုဖြစ်တာလဲ "
"ခမည်းတော် ပြောတာတော့ စာအုပ်ကိုရေးတဲ့ ဆရာကြီးက ရုတ်တရက်နှလုံးဖောက်ပြီး သေသွားတာကြောင့် ဆက်မရေးဖြစ်ခဲ့ဘူးတဲ့...."

"ဆီလျော်မှုမရှိလိုက်တာ.... ဒါ မရေးခဲ့တာမှ မဟုတ်တာ"

       ဟွမ်ကျင်းရွှေသည် စာအုပ်ချုပ်ထားသည့် နေရာကို သေချာကြည့်လေ ဒေါသထွက်လာလေပင်။

"ဒီစာအုပ်က စာရွက်တွေကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဖြုတ်သွားတာ.... ကြည့်လိုက် စာရွက်တွေကွာနေတာတွေ့လား...."
"မသိသာပါလား...."

"ဘယ်သိသာမလဲ... အဲ့ကောင်က တော်နေလို့နေမှာပေါ့... ကြည့်ရတာ မင်းရဲ့မွေးရာပါ ဒြပ်စင်နှစ်ခုက လုပ်ကြံထားတာပဲဲ ဖြစ်မယ်"
"လုပ်ကြံတယ်?"

"လော့လော်... မင်းအမေမှာ ရန်သူရှိခဲ့လား ဒါမှမဟုတ် မင်းအဖေပေါ့"
"အဲ့လိုတော့ မကြားဖူးဘူး"

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now