နေရာတိုင်းမှာ ချုံတွေသာ ရှိနေပြီး ဟိုးယခင်ကတည်းက တည်ခဲ့သော နန်းဆောင်တွေကို ချုံနွယ်များက ဖုံးလွှမ်းသွားလေတော့သည်။ ဟွမ်ကျင်းရွှေသည် တပည့်သုံးယောက် ထပ်ရလိုက်သောအခါ ထိုနေရာများကို ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်၏။

       သူက တပည့်သုံးယောက်ကို ရိုးရိုးဓားရှည် တစ်လတ်ဆီထုတ်ပေးလိုက်ပြီး အဆောင်ဟောင်းများဘက်သို့ ခေါ်ဆောင်သွားသည်။ သိုင်းပညာ၏ အခြေခံအဆင့်များကို သေချာရှင်းပြပြီး ဓားကိုင်နည်းကို သေသေချာချာ ပြသ၏။

       တပည့်သုံးယောက်ကို ဓားလွှဲရမ်းကာ သိုင်းကျင့်စေရင်း အဆောင်ဟောင်းပတ်ပတ်လည်က ချုံများကို ရှင်းစေသည်။ အဆောင်ဟောင်းများရှိရာ နေရာက သိဒ္ဓိစွမ်းအင် ပိုလို့တောင် ပြည့်ဝနေသေးသည်။ သူတို့သိုင်းကျင့်တာကို လှုပ်ရှားလိုက်တိုင်း သိဒ္ဓိစွမ်းအင်တွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားသည်။

       တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောမျိုး ဖြစ်သွားသည်။ တပည့်သုံးယောက်သည် အစကတည်းက ဟုန်ကျင်းကျောင်းလို စာသင်ကြီးထဲမှာ မိန့်မိန့်ကြီးထိုင်ပြီး သင်ကြားရမယ်လို့ တွေးထားခြင်း မရှိတာပေ။ သူတို့သည် ယခင်ကလည်း သာမန်ဘဝတွင် လုပ်စားရသည့် သူများဖြစ်လို့ ချုံရှင်းသိုင်းကျင့်တာကပင် သူတို့အတွက် ဂုဏ်ယူစရာဖြစ်နေ၏။

        လော့လော်နဲ့ ယဲ့ရှားလုံ တောင်ခြေတွင် စိုက်ထားခဲ့သော အသီးအရွက်များကိုခူးကာ ညစာအတွက် ပြင်ဆင်ရန် လုပ်နေသည်။ ခက်တာက လော့လော်က ဟင်းမချက်တတ်ပေ။ ယဲ့ရှားလုံကိုသာ အားကိုးရတော့မည့်ပုံ။

        ဟွမ်ကျင်းရွှေ တစ်နေကုန် အခန်းထဲ ငြိမ်နေ၏။ နေ့လည်စာတောင် ထွက်မစားတာမို့ လော့လော်သည် သူမလုပ်ထားတဲ့ သစ်ကြားသီးမုန့် ပန်းကန်တစ်ချပ်ကိုကိုင်လျက် နန်းဆောင်ထဲ ဝင်လာခဲ့သည်။ စာအုပ်ပုံများကြား ဟွမ်ကျင်းရွှေမှာ ပုဝင်နေ၏။

"ကျင်းကိုကို...."
"ဒီမှာ...."

"စာအုပ်ထဲဝင်သွားပြီ ထင်နေတာ.... မုန့်ယူလာတယ် "

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now