အရှေ့မှ ငြိမ်သွားသော လူကြီးကြောင့် YB မနေတတ်စွာ တွေ့ရာစကားတစ်ခွန်းဖြင့်သာ  စကားဆက်မိ၏။

"လူကြီး... ခင်ဗျားက အသားမစားဘူးလား...?"

"ဟင်??"

Baby ရဲ့ စကားကြောင့် XZ အတွေးပျက်သွားသော်လည်း ဘာပြောလိုက်မှန်း ချက်ချင်း နားမလည်လိုက်...။

"ခင်ဗျားရဲ့ပန်းကန်ထဲမှာ အရွက်တွေချည်းပဲလေ...။
အဲ့တာကြောင့် အသားမစားဘူးလား လို့မေးတာ..."

"Aww... စားပါတယ် Baby ရဲ့..."

(**Baby ကိုယ်တိုင် ပင်ပင်ပန်းပန်း ချက်ထားတာတဲ့ ဟင်းပွဲတွေပဲ...။
Baby ချက်ထားသမျှ ကိုယ် အကုန်စားတယ်...**)

XZ တစ်ယောက် Baby ရဲ့အမေးကို ပြန်ဖြေပြီး ဟင်းပန်းကန်ထဲက အသားတွေကို ဇွန်းနဲ့ လှမ်းခပ်လိုက်တဲ့အချိန် အနံ့တစ်ခုက ထောင်းခနဲပဲ...။

(**ဆိတ်သားတွေလား...?**)

Baby ကို မော့ကြည့်လိုက်တော့ Baby ကလည်း သူ့ကို ကြည့်နေတာနဲ့ ကြုံ၏။

XZ လည်း ဆိတ်သားဟင်းကို ဟန်မပျက် ပန်းကန်ထဲ ခပ်ထည့်လိုက်ရင်း...

"Baby က ဆိတ်သား ကြိုက်တယ်လား...?"

"Omm ကျွန်တော် ငယ်ငယ်က မား ချက်ကျွေးတဲ့ ဆိတ်သားစွပ်ပြုတ်တွေ ဆိတ်သားချက်တွေဆို အရမ်းကြိုက်တာ...။
မား ရှိတုန်းကဆို အမြဲတမ်း ချက်ကျွေးတယ်...။
မား မရှိတော့တဲ့နောက်တော့ မား သင်ပေးထားတဲ့ ချက်ပြုတ်နည်းတွေအတိုင်း ကိုယ်တိုင် ချက်စားရတာပေါ့..."

ဝမ်းနည်းမှုတွေကို အပြုံးလေးနဲ့ ဖုံးကွယ်ရင်း အသံကိုလည်း ထိန်းပြောနေတဲ့ Baby လေး...။

ဒီအပြုံးရဲ့နောက်ကွယ်မှာ Baby ဘယ်လောက်တောင်များ ဝမ်းနည်းနေလိုက်မလဲ...? ဘယ်လောက်တောင်များ စိတ်မကောင်းဖြစ်နေရှာမလဲ...?

XZ မေးမိတဲ့ ကိုယ့်ကိုယ့်ကိုသာ စိတ်ထဲကနေ အကြိမ်ကြိမ် အပြစ်တင်မိသည်။
Baby ကို သူ စိတ်မကောင်းဖြစ်အောင် လုပ်မိပြီလား...?

ဒါကို သတိထားမိတဲ့ Baby က "ဟက်!" ကနဲ တစ်ချက်ရယ်လိုက်လျက်...

"ဟက်..! ဘာမှမဖြစ်ပါဘူး...။
ခင်ဗျား စားစရာရှိတာ စားပါ...။
ကျွန်တော် နေသားကျနေပါပြီ..."

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now