လူကြီး ဆွဲပေးသော ထိုင်ခုံလေးမှာ YB အသာတကြည် ဝင်ထိုင်လိုက်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ ပဝါလေးက လူကြီးရဲ့လက်ချက်ကြောင့် YB ကိုယ်ပေါ်မှာ နေရာယူနေလေပြီ...။

ဒီလိုအသေးစိတ်လေးတွေကအစ ဂရုစိုက်ပေးတတ်တဲ့ လူကြီးကို 'သံယောဇဥ်မတွယ်မိဘူး' လို့ ပြောရင် Yibo လိမ်ရာကျမှာပေါ့...။

ဒါပေမယ့် ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံး ထိန်းတယ်...။
လူကြီးကို သံယောဇဥ်မတွယ်သင့်ဘူးလေ...။

XZ Baby နဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း စိတ်ထဲရှိနေသော အမေးစကားလေးကို ထုတ်မေး​ဖြစ်သည်။

"Baby ဒီနေ့ အပြင်သွားစရာရှိလားဟင်...?"

ပိုပြီးတော့ တိကျအောင် XZ ထုတ်မေးလိုက်တာဖြစ်သည်။

"မသေချာဘူး"

Baby ဆီက မတင်မကျ အဖြေစကားကို ကြားရပေမယ့် XZ ကျေနပ်ပါ၏။

ဒီနေ့အတွက် လုံလောက်ပါတယ်...။
လောဘမရှိဘူးပဲ ဆိုဆို...
Baby ကျွန်တော့်ကို ဒီလိုလေး လိုက်လျောညီထွေ ဆက်ဆံပေးနေရင်ကို ကျွန်တော်ဆိုတဲ့ Xiao Zhan က ကျေနပ်နေတာလေ...။

"လူကြီး"

Baby ခေါ်လိုက်တဲ့ "လူကြီး" ဆိုတဲ့ အသုံးအနှုံးကြောင့် XZ မျက်ခုံးတစ်ချက်ပင့်တက်သွားပြီးမှ သဘောတကျ ပြုံးလိုက်မိသည်။

"အင်း ပြောလေ ကလေးရဲ့..."

"ဒီနေ့ အလုပ်မသွားဘူးလား...?"

Baby ဒီလို မေးတော့မယ်ဆိုတာ XZ ကြိုတွေးပြီးသားပါ...။

"Omm ကိုယ် ဒီနေ့ အလုပ်မသွားဘူး..."

(**Baby နဲ့အတူတူရှိရမယ့် ဒီလို နေ့လေးမှာ ကိုယ်က အလုပ်ကို ဘာသွားလုပ်ရမှာလဲ ကလေးရဲ့...**)

"အလုပ်ကို မလေးစားဘူး"

Baby ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် XZ မချင့်မရဲဖြစ်မိပေမယ့် အပြုံးလေးနဲ့သာ တုံ့ပြန်ရင်း ငြိမ်နေမိသည်။

".........."

(**"အလုပ်ကို မလေးစားဘူး" တဲ့လား...? Baby ရယ်...။
Baby လောက် ဘယ်အရာကများ ကိုယ့်အတွက် အရေးပါလို့လဲ...?**)

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now