"ဟင့်...."

ဘုရင်ကြီးအား ဆူပုတ်စောင့်အောင့်ပြီးမှ လော့ယွင်နဲ့အတူ ပြန်ထွက်သွား၏။ ဘုရင်ကြီးသည် ပုလ္လင်ထက်ကနေ ဖြည်းဖြည်းချင်း ဆင်းလာပြီးမှ ဟွမ်ကျင်းရွှေကို သေချာကြည့်လိုက်သည်။

"အင်း....."

ဘုရင်ကြီးက သက်ပျင်းချလိုက်တာကြောင့် ဟွမ်ကျင်းရွှေလည်း စကားစပြောရန် ပါးစပ်ဟနေရာမှ ရပ်သွားခဲ့၏။ ဘုရင်ကြီးသည် သူ့ရှေ့ကိုရောက်လာပြီးမှ သူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်လေသည်။

"ပင်ပန်းသွားပြီ..."
"အဲ့လောက်လည်း မဟုတ်ပါဘူး"

"လော့လော်လမ်းမှာ ပြဿနာရှာသေးလား.... သူကော ထိခိုက်တာတွေ ရှိလား"
"မရှိပါဘူး.... အားလုံးကောင်းပါတယ် "

"အွန်း.... ဟွမ်သခင်လေး သတိထားမိမလားတော့ မသိပေမယ့် ကျုပ်သမီးက သခင်လေးကို သဘောကျနေတယ်...."

ဟွမ်ကျင်းရွှေ ပြုံးတုံးတုံးကြီးလုပ်ကာ ပြန်ပြောလိုက်ပါသည်။

"ကျွန်တော်ကလည်း သဘောကျပါတယ်..."
"ဟေ.... မင်းတို့က တစ်ယောက်ခံစားချက်ကို တစ်ယောက် သိနေကြပြီလား"

"အဲ့လိုပြောလို့ရပါတယ်...."
"အဟား မင်းတို့လူငယ်တွေကတော့ မြန်ဆန်တယ်ကွာ .... အခုငါပြောချင်တာကတော့ သူ့အကြောင်းပါပဲ ... စစ်ရှုံးတောင်ရဲ့ရာဇဝင်ကို သခင်လေး ကြားပြီးပြီလား"

"နည်းနည်းပါးပါး ကြားထားပြီးပါပြီ..."

သူတို့နှစ်ယောက် လမ်းလျှောက်လာကြရင်း နန်းတော်၏အပေါ်ထပ်ကို တက်လာခဲ့သည်။ ထို့နောက် နန်းတော်အစွန်းထွက်က ဝရံတာရောက်တော့ သူတို့ခြေလှမ်းများကို အဆုံးသတ်လိုက်သည်။ ဝရံတာကနေ နန်းတော်ခြံဝန်းကို ရှင်းရှင်းလင်းလင်း မြင်ရသည်လေ။

လော့ယွင်နဲ့ လော့လော်က အတူတူထွက်သွားနေကြသည်။ ထိုစဥ် လော့လော်က လှည့်ကြည့်လာကာ ဟွမ်ကျင်းရွှေကို လက်လှမ်းပြ၏။ ဟွမ်ကျင်းရွှေလည်း ပြုံး၍ လက်ပြန်ပြလိုက်သည်။

အဝေးကနေတောင် တောက်ပတဲ့ သူမအပြုံးတွေက သူ့မျက်လုံးတွေကို စူးရှစေသည်။ ဘုရင်ကြီးသည် လက်နှစ်ဖက်နောက်ပစ်ကာ ထိုလူငယ်နှစ်ယောက်ကို တစ်လှည့်စီကြည့်ပြီးမှ စောစောကပြောနေတဲ့ အကြောင်းအရာကို စကားပြန်စလိုက်၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now