XZ ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေမိ၏။
မျက်လုံးများက ပြန့်ကြဲ ပေပွသွားသော ကြမ်းပြင်ဆီသို့သာ စိုက်ကြည့်နေမိသည်။

ကိုယ်က စားစေချင်လို့ ကြိုးစားပမ်းစား ပြင်ဆင်ထားတာလေးကို အသိအမှတ်မပြုတဲ့အပြင် ဒီလို လုပ်ရက်တယ် Baby ရာ...။

"ကောင်းပြီ...
Baby လိုအပ်ရင် ကိုယ့်ကို ခေါ်လိုက်နော်..."

ပြောကာ အခန်းထဲမှာ ထွက်သွားသော လူကြီး...။
မျက်နှာမှာလည်း ဝမ်းနည်းမှုတွေအပြည့်မြင်လိုက်ရသည်။

မသနားနိုင်သေးပါ...။
ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုသာ YB သနားမိပါသည်။

လူကြီးကို လက်ထပ်ထားတယ်ဆိုတာ အနီးကပ် ဒဏ်ရာတွေပေးချင်လို့လေ...။
အခုတော့... အခုတော့.....
ဒီလို ဆေးခပ်ခံရပြီး အားးးးး

Xiao Zhan ရာ Xiao Zhan အနည်းဆုံးတော့ ခင်ဗျားက ဘယ်လိုလူမျိုးလဲ သိရတာပေါ့... ဟက်!

Baby အခန်းထဲက ထွက်လာပြီးနောက် XZ ကိုယ့်အခန်းထဲကို ကိုယ်ဝင်ကာ ကုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။

မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားရင်း သက်ပြင်းတွေလည်း အခါခါချနေမိ၏။

Rino Ring Ring 📱

အိပ်ရာဘေးက Ph သံကြောင့် contact name တစ်ချက်ကြည့်ပြီး XZ Ph ​ကိုင်လိုက်သည်။

ကုတင်ပေါ်လှဲနေရာမှ ထ,ထိုင်လိုက်ရင်း...

"အေး ဝမ်နင်"

"သခင်လေး ဟိုလေ... ဟို..."

"ပြောစရာရှိတာကိုပြော 'တဟိုဟို' နဲ့ဘာဖြစ်နေတာလဲ...?"

"ကျွန်တော် ဟို... ပြောသင့် မပြောသင့် စဥ်းစားနေတာပါ သခင်လေး...."

XZ စိတ်မရှည်တော့တာကြောင့် "ကျစ်" တစ်ချက် စုပ်သပ်လိုက်ရင်း...

"ကျစ်..! ဝမ်နင်...
မင်း ပြောသင့် မပြောသင့်ဆိုတာ ငါ ဆုံးဖြတ်မယ်... မင်း ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြော..."

"ဟုတ် သခင်လေး..."

"ကဲ ပြော ဘာကိစ္စ..."

"ဟိုလေ သခင်လေးတို့ Wedding party တုန်းက,..............................."

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now