ဒီအချိန်မှာတော့ထိုသိပ်မမြင်ရတဲ့အစွန်းကွက်လေးကသူ့ရှေ့မှာရပ်ပြီးသူ့ဆီကအကြံဉာဏ်တောင်းခံခဲ့တဲ့တပည့်ဆီကဖြစ်နေမယ်လို့လီလျိုလုံးဝမတွေးမိခဲ့ပေ။

အကယ်၍ဒီအချိန်မှာသူ့ခန္တာကိုယ်ကိုသာသူစစ်ဆေးခဲ့မိရင်သေချာပေါက်လီလျိုအနေနဲ့သူ့ရဲ့သွယ်လျှတဲ့ခါးဆီကအလွယ်တကူမမြင်ရတဲ့နေရာတစ်ခုမှာခပ်နက်နက်အချစ်မှတ်တစ်ခုကိုတွေ့ရမှာဖြစ်သည်။သူ့တင်ပါးပေါ်မှာလည်းတစ်စုံတစ်ယောက်ကစိတ်အားထက်သန်စွာပွတ်သပ်ပြီးအချိန်မလုံလောက်တာကြောင့်ဖျတ်ရန်ကျန်ရစ်ခဲ့သည့်အနီရောင်သဲလွန်စတစ်ချို့လည်းရှိနေ၏။

****

ချူးဝူရုံကသူ့အခန်းသို့ပြန်လာပြီးသူ့စိတ်နှလုံးထဲကလှုပ်ရှားနေသည့်ခံစားချက်များအားထိန်းချုပ်ရန်ကြိုးစားနေသည်။အခုဆိုရင်သူလီလျိုကိုထိန်းချုပ်နိုင်တဲ့အချိန်အတိုင်းအတာကပိုကြာလာပြီဖြစ်တာကြောင့်ဒီညသူလီလျိုရဲ့လုံးဝအစောင့်အကြပ်မရှိတဲ့ပုံစံကိုမျက်နှာခြင်းဆိုင်ရပြီးသူ့ရဲ့အဝတ်မပါတဲ့ခန္တာကိုယ်ကိုထင်ထင်ရှားရှားမြင်တွေ့ရတဲ့အခါသူ့ကိုယ်သူလုံးဝထိန်းချုပ်လို့မရလုနီးပါးပင်ဖြစ်သွားရသည်။

ထို့အပြင်သူလီလျိုရဲ့ခန္တာကိုယ်ထဲမဝင်နိုင်ခဲ့ပေမယ့်လုပ်နိုင်သမျှနည်းလမ်းပေါင်းစုံလုပ်ခဲ့ပြီးချစ်ရတဲ့သူရဲ့ခန္တာကိုယ်အပေါ်မှာသူ့ရဲ့မထိန်းချုပ်နိုင်တဲ့အလိုဆန္ဒများကိုထုတ်ဖော်ခဲ့သည်။အဲ့ဒါကအချိန်အတော်လေးကြာသွားပြီးလီလျိုသည်လည်းနိုးလာခါနီးဖြစ်သွားတာကြောင့်သိသာတဲ့သဲလွန်စများကိုသာအမြန်ဖျောက်ခဲ့ရပြီးလီလျိုရဲ့ကိုယ်ပေါ်မှာဖုန်းကွယ်နေတဲ့သဲလွန်စတစ်ချို့ကိုမဖယ်ရှားနိုင်ခဲ့ပေ။

ချူးဝူရုံကသူ့အခန်းတံခါးဘောင်ပေါ်မှာမှီထားရင်းသူ့ရဲ့ချောမောခန့်ညားသောမျက်နှာပေါ်မှာတော့ခါးသက်သက်အပြုံးတစ်ချို့ရှိနေသည်။အဲ့ဒီလူအတွက်ဆိုရင်သူရဲ့စိတ်နှလုံးသားထဲကဆာလောင်မှုနဲ့လိုအင်ဆန္ဒတွေကိုလုံးဝမထိန်းချုပ်ထားနိုင်ဘူးလေ..

သူခုဏလီလျိုရဲ့ကိုယ်ကိုထိတွေ့စဉ်တုန်းကဆိုရင်ထိန်းချုပ်မှုလွတ်လုနီးပါးပင်ဖြစ်သွားခဲ့ရသည်။သူမထိန်းချုပ်နိုင်တော့မယ့်တစ်စုံတစ်ရာကိုမလုပ်မိစေဖို့အချိန်တစ်ချို့လောက်ကြာသည်အထိညအချိန်မှာလီလျိုနဲ့အခန်းထဲမှာအတူတူမနေဖို့ဆုံးဖြတ်ထားသေးသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now