၁၅။ ထင်းရှန်း

252 42 0
                                    

Unicode

၁၅။ ထင်းရှန်း
___________

ရန်ယွီကျင်းကား တဲအတွင်းမှစကားစစ်ထိုးပွဲများကို စိတ်ကုန်နေပြီမို့ ပြိုင်ပွဲကို တစ်ယောက်တည်းအပြင်ထွက်ကြည့်နေလေ၏။ မင်းသားနှစ်ယောက် အပြင်ထွက်လာသည်ကိုမြင်မှ သူ အထဲပြန်ဝင်လာခဲ့ကာ မိန်ချန်စုက အဆက်မပြတ်ချောင်းဆိုးနေပြီး ရှောင်ကျင်းရွေ့က သူ့နောက်ကျောကို ညင်သာစွာပွတ်သပ်ပေးနေသည်အားတွေ့လိုက်ရ၏။ ရန်ယွီကျင်းက ချက်ချင်းပင်မေးသည်။

"ဘာဖြစ်တာလဲ အစ်ကိုစု? အစ်ကို နေလို့မကောင်းဘူးလား?"

"ဘာမှမဟုတ်ပါဘူး..."

မိန်ချန်စုက ရှောင်ကျင်းရွေ့ကမ်းပေးသည့်လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံမျှသောက်၏။ သူက ချောင်းဆိုးခြင်းကြောင့်ဖြစ်ပေါ်လာသည့်မျက်လုံးထောင့်နားမှ မျက်ရည်စများကိုသုတ်သည်။

"အိမ်ရှေ့မင်းသားနဲ့ မင်းသားယွီတို့နှစ်ယောက်လုံးက အမွှေးနံ့သာတွေသုံးထားကြတယ်...ငါ အဲ့အနံ့နဲ့အဆင်မပြေလို့..."

"သြော်၊ ကျွန်တော်သိပြီ၊ အဲ့ဒါက အရှေ့ပင်လယ်က ငါးကြီးအန်ဖတ်ပဲ။ မင်းကြီးက သူတို့ကို လက်ဆောင်ပေးထားတာ၊ သူတို့နှစ်ယောက်ကိုပဲပေးတာနော်။ အနံ့က တကယ်ပြင်းတယ်၊ အစ်ကို ဒီအနံ့နဲ့အဆင်မပြေတာ အံ့သြစရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒါက စိတ်တက်ကြွအောင်ထိန်းတဲ့နေရာမှာ အကောင်းဆုံးပဲလို့ ကျွန်တော်ကြားဖူးတယ်။ ဆွဲဆောင်မှုလည်း ပိုရှိစေတယ်တဲ့။"

"ဒီလိုကိုး..."

မိန်ချန်စုက ဆိုသည်။ သူက ဘေးနားမှာရပ်နေကာ သူတို့၏စကားများကို ကြားပုံမပေါ်သည့် ရှဲ့ပိကိုလှမ်းကြည့်သည်။

သူ ငါးကြီးအန်ဖတ်နံ့ကိုမကြိုက်တဲ့အကြောင်းက ဒီည ရှဲ့ပိဆီကနေတစ်ဆင့် မင်းသားယွီဆီရောက်သွားမည်ဖြစ်ကာ နောက်တစ်ကြိမ်မိန်ချန်စုကိုလာတွေ့ချိန်၌ မင်းသားယွီသည် ငါးကြီးအန်ဖတ်ရနံ့ကို ဆွတ်လိမ့်မည်မဟုတ်တော့ပေ။ ရှောင်ကျင်းရွေ့နှင့်ရန်ယွီကျင်းက အိမ်ရှေ့စံမင်းသားရဲ့လူတွေမဟုတ်တာကြောင့် သူ့ကို သည်သတင်းပေးမည့်လူမရှိချေ။ ဒါတောင်မှ နောက်တစ်ကြိမ်တွေ့ဆုံကြချိန်မှာ အိမ်ရှေ့စံမင်းသားကပါ ဒီအနံ့ကိုမသုံးခဲ့လျှင် မင်းသားယွီ၏အိမ်တော်၌ အိမ်ရှေ့စံမင်းသား၏သူလျှိများ ရှိနေသည့်သဘောပင်။

Nirvana in Fire (မီးလျှံကြားမှနိဗ္ဗာန်ဘုံ)[Myanmar Translation]Donde viven las historias. Descúbrelo ahora