ငြိမ်သာလိုက်လာရတာ Min Seok ရှေ့မလို့ တကယ်မျက်နှာပူတယ် ဟိုကသူ့ဘာသာနေလို့သာ မဟုတ်ရင် Kyung Soo မျက်နှာထားစရာနေရာ ရှိမှာမဟုတ်ဘူး

^နေအုန်း ဒီအခြေအနေကြီး အဘွားသာတွေ့သွားရင်...^

"ကိုကို အောက်ချပေး"
Kyung Soo တွန်းကန်ရင်းပြောလာတာမို့

"ဘာဖြစ်လို့လဲ"

"အဘွား တွေ့သွားရင်..."

"အဘွား အိပ်နေပြီလေ"

"ဒါပေမယ့်..."

ပြွတ်~

"စကားများတယ်"

စကားပြောနေရင်းက နှုတ်ခမ်းကို ဖြတ်ခနဲလာနမ်းတော့ ကြောင်တောင်တောင်လေး ပြန်ကြည့်နေတယ် ချမ်းတာတောင် ဘယ်ရောက်သွားမှန်းမသိ

စကားများရင် အဲ့လိုလုပ်ပြီးရပ်ခိုင်းရတာလား🤭

နောက်တော့ Yeol. Kyung Soo အတွက် အိပ်ရာခင်းပေး စောင်ခြုံပေးပြီးတဲ့ထိ ခိုက်ခိုက်တုန်အောင်ချမ်းနေတုန်း
Yeol ခြုံနေကျစောင်ကို အပေါ်ကထပ်လိုက်ပြီး Kyung Soo ဘေးနားဝင်အိပ်လိုက်တော့ တရွေ့ရွေ့တိုးလာတဲ့ ကိုယ်သေးသေးလေး
ကြောင်လေးတွေလို ရင်ခွင်ထဲ ခေါင်းဝင်တိုးရင်း ခါးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်လာတယ်

^နွေးလိုက်တာ ကိုကို^

နီးကပ်လာတာနဲ့ ပိုကျယ်လောင်လာတဲ့ ရင်ခုန်သံတစ်ချို့ ရထား ၃ စီးလောက်ဖြတ်မောင်းသွားသလိုပဲ

^တတ်နိုင်သမျှ ကိုကို ငယ့် ကိုနွေးထွေးမှုပေးမှာမလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ ငယ်^

ရင်ခွင်ထဲကကောင်လေးရဲ့ ဆံနွယ်နုနုလေးတွေကြား နှာခေါင်းနှစ်ပြီး နမ်းရှိုက်လိုက်တဲ့ Yeol နဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံစည်းချက်ကြားမှာ အသက်ရှူမှန်မှန်နဲ့ အိပ်ပျော်သွားတဲ့ Kyung Soo

><><><><><><><><><><

အင်း~ ဝှါး.....

"ကိုကို နိုးနေတာကြာပြီလား"

".........."

ငေးနေမိတာ ဘယ်လောက်ကြာသွားလဲမသိ
Kyung Soo တလှုပ်လှုပ်နဲ့နိုးလာတာ မသိတဲ့အပြင် ခေါ်တာတောင် မကြား

&quot; ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )&quot;Where stories live. Discover now