တကယ်တော့ သူတို့အဖွဲ့ကို သတ်မလွှတ်လိုက်တာသာ ကံကောင်းပါတယ်ကွယ်...။ သူတို့တွေက ဆိုးမိုက်ပြီး ရန်အမြဲဖြစ်နေတာဆိုတော့ တကယ်တမ်း သတ်လိုက်ရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး...။

အဲ့ဒီလူကလည်း အရှိန်အဝါတွေဘယ်လောက်ကြီးပြီး ဘယ်လိုလုပ်လိုက်လည်း မပြောတတ်ပါဘူးကွယ်...။
သူတို့ကို မှတ်လောက်သားလောက်အောင် အပြစ်ပေးပြီး ပြန်လွှတ်လိုက်ပေးလိုက်တော့ သူတို့ရဲ့အိမ်တိုင်းက စီးပွားရေးတွေ ထိုးကျနေပါရောလား...။

သူတို့ရဲ့မိဘတွေကလည်း သူတို့ရဲ့သား လူဆိုးလူမိုက်ကြောင့် ဖြစ်တာဆိုပြီး အမွေပြတ်စွန့်လွှတ်ကြောင်းတွေ ထည့်လိုက်တာ အဖွဲ့လိုက်ကြီး သတင်းစာမှာပါလာတော့ ဟိုးလင်းတကြော်ကြော် ဖြစ်ကုန်ရောပေါ့...။"

YB အံ့ဩပြီးရင်း အံ့ဩရသည်။
စာမေးပွဲတွေနဲ့မို့ ထိုအကြောင်းတွေလည်း သူ မသိလိုက်ပေ...။

"ဦးလေးကတော့ သူတို့အပြစ်သူတို့ခံရတာပဲလို့မြင်တယ်...။
အခုလည်း အိမ်တွေပြန်ကြလို့ ရိုက်လွှတ်လိုက်ကြတယ် ထင်တယ်...။
သနားစရာ မကောင်းပါဘူးကွယ်...။
သူတို့ထိုက်နဲ့ သူတို့ကံပေါ့...။

သူတို့ရန်ဖြစ်ဖို့ ကြိုးစားကြတဲ့ ကောင်လေးရဲ့ ယောကျာ်းကလည်း သူ့ကောင်လေးကို တော်တော်ချစ်ပုံပဲ...။
သူတို့အဖွဲ့က သွားမရှုပ်သင့်တဲ့လူကိုမှ သွားရှုပ်ကြတာကိုး...။
တစ်ခါတစ်လေ သူတို့အဖွဲ့ကို နိုင်တဲ့လူလည်း ပေါ်ဦးမှ တော်ကာကျမှာပဲ...။"

ဦးလေးကြီးက စကားတွေနဲ့ တစ်စီတစ်တန်းကြီး ရှင်းပြပြီးတော့ မောသွားဟန်နှင့် စကားပြောတာ ခနနားနေ၏။
ပြီးမှ တစ်ခုခု သတိရသွားဟန်ဖြင့် YB တို့ကို ကြည့်လာကာ.....

"သြော်... ကလေးတို့လည်း စာမေးပွဲပြီးတော့ အိမ်ပြန် နားချင်နေကြရောပေါ့...။
ကလေးတို့လည်း လိမ်လိမ်မာမာနေကြကွယ်..."

"ဟုတ်ကဲ့ ဦးလေး..."

ကျောင်းစောင့်ဦးလေးကြီးရဲ့ဆုံးမစကားကို YB တို့သုံးယောက်လုံး ပြိုင်တူဖြေပေးလိုက်ကြ၏။

ဦးလေးကြီး လှည့်ထွက်သွားတော့ "ကျင်းရီ" ရဲ့ အသံစာစာကဦးစွာ ထွက်ပေါ်လာ၏။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now