ထိုချိန် ကျောင်းရှေ့မှ လူတစ်စု ရုတ်ရုတ်သဲသဲ ပြေးသွားသောကြောင့် သုံးယောက်သား ကျောင်းပေါက်သို့ လှမ်းကြည့်လိုက်ကြသည်။

(**ဝမ်ချောင်တို့အဖွဲ့... ဒီကောင်တွေ ​လာပြန်ပြီပေါ့လေ...**)

သေချာလှမ်းကြည့်မိတော့ "ဝမ်ချောင်" တို့အဖွဲ့ရဲ့ပုံစံက ရန်ဖြစ်ဖို့ လာတာမဟုတ်ပဲ မလွှဲသာ မရှောင်သာလို့ ကျောင်းရှေ့ကနေဖြတ်သွားနေကြပြီး ကြောက်ရွံ့နေဟန်လည်းရှိကြ၏။

(**ဒီကောင်တွေ ဂိုဏ်းတစ်ခုနဲ့ တွေ့လာတယ်ထင်တယ်... နည်းတောင်နည်းသေးတယ်... ဟက်!**)

ဒဏ်ရာတွေနဲ့ အဖွဲ့လိုက်ဖြတ်ပြေးနေရင်းမှ တစ်ခါတစ်လေ လဲကျသူက လဲကျနေကြပြီး သွေးထွက်သံယိုတွေဖြစ်နေကြတာကို အဝေးကနေတောင် မြင်နေရ၏။

"ကလေးတို့က အဲ့ဒီကောင်လေးတွေနဲ့သိတာလား...?"

ထိုချိန် ကျောင်းစောင့်ဦးလေးကြီးရဲ့ အသံကြောင့် သုံးယောက်သား အနောက်သို့ ပြိုင်တူလှည့်ကြည့်မိကြသည်။

"မသိပါဘူး...ဒီတိုင်း မြင်ဖူးသလိုရှိလို့ပါ..."

ကျောင်းစောင့်ဦးလေးကြီးရဲ့ စကားကို YB ဖြေပေးလိုက်တော့ ဦးလေးကြီးက စကားဆက်၏။

"အဲ့ဒါ ရန်ဖြစ်ဖို့ပဲသိတဲ့ ကလေကချေကောင်လေးတွေပါကွယ်...။
တစ်ရက်က ဒီဆေးကျောင်းကို ပြသနာရှာဖို့ လာကြသေးတယ်တဲ့လေ...။
ရန်ပွဲတောင် ဖြစ်သွားကြသေးတယ်ဆိုပဲ...။
ဦးလေးကလည်း စစ်ရဆေးရ ကျောင်းစောင့်ပေးရနဲ့မို့ မအားတော့ နေရာအနှံ့လိုက်မကြည့်နိုင်တော့ သိပ်တော့ မသိလိုက်ပါဘူးကွယ်...။
ဒါပေမယ့် သူတို့ ပြသနာရှာဖို့လာတဲ့ ကောင်လေးက ဆေးကျောင်းကပဲဆိုတော့ စာမေးပွဲဖြေနေတာတဲ့လေ...။

အဲ့ဒီကောင်လေးတွေ အဖွဲ့နဲ့ ရန်ဖြစ်သွားတယ်ဆိုတဲ့လူကတော့ သူတို့ပြသနာရှာဖို့လုပ်နေတဲ့ ဆေးကျောင်းသားလေးရဲ့ယောကျာ်းဆိုပဲ...။"

ကျောင်းစောင့်ဦးလေးကြီးရဲ့စကားကြောင့် YB မျက်ခုံးတွေ မြင့်တက်သွားသည်။

ဦးလေးကြီးကလည်း သူ့စကားကိုဆက်ပြောလေ၏ယ

"ရန်ပွဲနဲ့တင်မကျေနပ်သေးပဲ သူ့ကောင်လေးကို အဲ့လို စိန်ခေါ်ရမလားဆိုပြီးတော့ တစ်ရက်နှစ်ရက်လောက် အဖွဲ့လိုက် ချုပ်ထားပြီး နှိပ်စက်သေးတယ်တဲ့လေ...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now