Part 36 🔞🔞

Magsimula sa umpisa
                                    

"ကိုယ့်ကိုပြော ကိုယ်ဘာလုပ်မိလို့လဲ"

မေးတော့မှ အီခနဲငိုချကာ Ae ရင်ဘတ်တွေကို သူ့လက်လေးနဲ့ ကောက်ထုလာကြောင့် Ae ငြိမ်နေပေးလိုက်သည်။

"အရူးကြီး ခင်ဗျားကို တစ်ခြားမိန်းကလေးတွေနဲ့ အီစီကလီလုပ်တာမျိုး Pete မကြိုက်ပါဘူးဆို အီးဟီး ဘာ.. ဘာလို့ သူတို့လာလုပ်တာကို လက်ခံနေတာလဲ ဟင့်"

"babe ရယ်မငိုပါနဲ့ကွာ ကိုယ့်ဆီမှာ Pete ကလွဲလို့တစ်ခြားဘယ်သူ့ကိုမှမလိုဘူးလေ မသိတာလဲမဟုတ်ဘူး"

Ae Pete ပါးပေါ်က မျက်ရည်တွေကိုသုတ်ဖယ်ပေးလိုက်ပေမယ့် ရှေ့က Pete ကတော့ တစ်အင့်အင့်နဲ့မျက်ရည်များကျနေဆဲပင်။

"အဲ့တာဆို ဟင့် ဘာလို့သူတို့လာမြူဆွယ်ရင် သိသိကြီးနဲ့ငြိမ်ခံနေလဲ ငြင်းပါလား Ae သိလား အင့် ဟင့် Ae အဲ့လိုလုပ်တိုင်း Pete သိမ်ငယ်စိတ်အရမ်းဝင်တယ် ဟင့် Pete.. Pete ကြောက်တယ် Ae Pete ကိုထားခဲ့မှာကို အီးဟီး"

Ae စုတ်တစ်ချက်သပ်လိုက်ကာ စိတ်ရှုပ်သွားမိသည်။Pete ကအမြဲဒီအကြောင်းကိုခဏခဏပြောသည်။သူ့ကိုဘယ်လိုရှင်းပြရမလဲလဲ မသိတော့ဘူး ကျွန်တော့်ဘဝမှာသူရှိရုံနဲ့ပြည့်စုံနေပြီဆိုတာကိုလေ။

"Babe ကိုယ်ပြောတာနားထောင် ကိုယ်ကလေ Pete ကိုဘဲချစ်တာ Pete တစ်ယောက်တည်းကိုဘဲ Pete အတွက်သာဆို တစ်လောကလုံးနဲ့ရင်ဆိုင်ဆိုလဲ ကိုယ်ရင်ဆိုင်နိုင်တယ် ကိုယ့်ဘဝမှာ Pete ဆိုတဲ့လူသားလေးသာမရှိရင်သေမှာ မင်းကသာကိုယ့်ဘဝလေ Pete ကိုယ်ကမင်းကိုဘယ်လိုလုပ်ထားခဲ့ရက်နိုင်မှာလဲ အဲ့လိုမျိုးတွေနောက်မတွေးပါနဲ့

ကိုယ့်ကြောင့် ကိုယ့်ကလေးလေး သိမ်ငယ်စိတ်တွေဝင်ရတယ် ကိုယ်မသိခဲ့လို့တောင်းပန်ပါတယ် နောက်တစ်ခါ ကိုယ့်ဆီချဉ်းကပ်လာတဲ့သူတွေကို ကိုယ်ငြင်းပါ့မယ်နော် မငိုနဲ့တော့"

ပြောပြီး သူ့နှုတ်ခမ်းလေးကိုဆွဲငုံလိုက်တော့ မျက်လုံးလေးသာပြူးပြီး အနမ်းတွေကိုတုန့်ပြန်မလာပေ။

"ကိုယ်မင်းယုံကြည်မှုရအောင် ဘာလုပ်ပေးရမလဲ babe တစ်ခွန်းသာပြောလိုက် အားလုံးဖြစ်စေရမယ်"

My Amazing Horny Husband (Myanmar trans)Tahanan ng mga kuwento. Tumuklas ngayon