ကောင်းတယ် မဟုတ်ရင် ‌သူရှိနေရင် ရှောင်းကျန့်တစ်ယောက်အနေအစား‌တောင် သိပ်မချောင်ဘူး။

အရင်တုန်းကရှောင်းကျန့်လာပြီဆိုတာနဲ့ ဝုန်းဒိုင်းကြဲနေကြ ကောင်မလေးတွေကလည်း
အခုအနောက်ကအဆစ်ပါလာတဲ့ကောင်ကြောင့် ပါးစပ်တောင်ကျယ်ကျယ်ဟဖို့မပြောနဲ့

မျက်လုံးနဲ့ဆွေပြီးလို့တောင်မကြည့်ရဲကြဘူး

‌ဝမ်ရိပေါ် ခုလို ကျောင်းမှာ သူအပိုင်လိုမျိုးဝင်ထွက်သွားလာနေတာကိုလည်း
ဘယ်သူကမှမတားရဲကြဘူး

ဘာလို့မတားရဲကြတာလဲဆိုရင် ဝမ်ရိပေါ်က ဒီကျောင်းရဲ့Shareholdersတွေထဲကတစ်ယောက်လေ

ကျောင်းအုပ်ကြီးတောင် မောင်ရင်ဝမ် မောင်ရင်ဝမ်နဲ့ မြှောက်ပင့်နေရတာကို
ဘယ်သူကများတားရဲမှာတဲ့လဲ။

ရှောင်းကျန့်နောက်နေ့တိုင်းလိုက်နေတဲ့ဝမ်ရိပေါ်ကအားယားနေတာလားဆိုပြီး မေးခွန်းထုတ်မိရင်နောက်ကွယ်က အလုပ်တွေသိမ်းကျုံးလုပ်ပေးနေရတဲ့ ကျိုးချန်နဲ့ ဝမ်ကုမ္ပဏီကလူတွေအကုန်ဝိုင်းပြီး လက်ခလယ်ထောင်ပြကြမယ်ထင်တယ်...

ဝမ်ရိပေါ်ကတော့ တစ်လောကလုံးကလူတွေအကုန်
ဘာ‌ပြော‌ပြောရှောင်းကျန့်အနားမှာရှိနေတုန်းပါပဲ။

ရှောင်းကျန့်ကိုယ်တိုင်ကလည်း
ဝမ်ရိပေါ် သူအနားရှိနေတာလေးကိုပဲ မသိမသာလေး နေသားကျလို့ရယ်

ရိပေါ်က သူနောက်အမြဲလိုက်နေပေမဲ့ စကားတော့ တစ်ခါမှလာမပြောဖူးဘူး။

ဒီတိုင်းပဲ ရှောင်းကျန့်တစ်နေ့တစ်နေ့
လုပ်နေကြအပြုအမူလေးတွေကိုပဲ
လိုက်ကြည့်နေတာ။

ရိပေါ်ကသူ့အပိုင်အရုပ်လေးတစ်ရုပ်ကို သူများတွေမယူသွားနိုင်အောင်လို့
သေချာ စောင့်ရှောက်နေသလိုမျိုးလေး...

ပြီးတော့ ရိပေါ်ရဲ့ အကြည့်တွေက ဘယ်လောက်ထိအန္တရာယ်များတယ်ဆိုတာ
ရှောင်းကျန့်တစ်ယောက်သိမှသိပါရဲ့လား။

ဒီအကြောင်းတွေကို တစ်ဖန်ပြန်ကြားသိရတဲ့ဝမ်သခင်ကြီးက သူ့သားဖြစ်သူကိုခေါ်တွေ့တယ်။

Trigger [Completed]Where stories live. Discover now