အရေးကြီးဆုံးက ကျွန်တော် ကွာရှင်းချင်တဲ့အချိန် ကွာရှင်းစာချုပ်မှာ ခင်ဗျား ကြည်ကြည်ဖြူဖြူပဲ လက်မှတ်ထိုးပေးရမယ်...။
ခင်ဗျားမှာ ဘာမှ အတွန့်တက်ပိုင်ခွင့် မရှိဘူး...။ အဲ့တာတွေကို ခင်ဗျား လက်ခံနိုင်ရင်တော့ ကျွန်တော့်ကို လက်ထပ်ခွင့်ပြုတယ်...။
လက်မခံနိုင်ရင်တော့ ခင်ဗျား အခု ပြန်နိုင်ပြီ..."

Baby ရဲ့ စကားတွေကြောင့် XZ ခန ငြိမ်သွားပြီးမှ မျက်လုံးကို စုံမှိတ်ပြီး ခေါင်းလေးကို တစ်ချက်ချင်းငြိမ့်၏။

"ကိုယ် လက်ခံပါတယ် Baby...။
ကိုယ့်ကို Baby အနားမှာ ရှိနေခွင့်ပြုတာလေးကိုပဲ ကိုယ် ကျေးဇူးတင်ပါတယ်..."

(**Baby ကိုယ့်အနားမှာ ရှိနေမယ့်အချိန်လေးအတွင်းမှာ ကိုယ့်ကို ချစ်လာအောင် ကြိုးစားပါ့မယ်...။
ဒါမှ Baby ကိုယ့်ကို ထားမသွားတော့မှာ...**)

YB လူကြီးကို တည့်တည့်စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှလည်း...

(**ခင်ဗျားတို့ နာကျင်ရမယ့် အချိန် သိပ်မဝေးတော့ပါဘူး...**)

YB ဘာရယ်မဟုတ် သက်ပြင်း တစ်ချက်ချလိုက်ပြီးမှ...

"ကျွန်တော့်ကို အချိန် ခန ပေးပါ Xiao Zhan...။ ခင်ဗျားနဲ့ လက်ထပ်ရမယ့် ရက် မရောက်မချင်း ကျွန်တော်နဲ့ မျက်နှာချင်း မဆိုင်မိအောင် နေပါ...။
ဒီကနေ့ကစပြီး လက်မထပ်ရင်ရက်အထိ...
ခင်ဗျား မျက်နှာကို ကျွန်တော် မမြင်ချင်ဘူး..."

"ဒါပေမယ့်..."

"မင်္ဂလာကိစ္စကခင်ဗျားတောင်းဆိုတာဆိုတော့ ခင်ဗျား စဥ်စီလေ...။
ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး...။
ခင်ဗျားသာ ဒီနေ့ကစပြီး ကျွန်တော်နဲ့ မျက်နှာချင်း မဆိုင်မိအောင် နေပါ...။
မတော်တဆတွေ့ခဲ့ရင်တောင် မသိတဲ့လူတွေလိုပဲ နေကြရအောင်...။
ခင်ဗျား ပြန်လို့ရပြီ..."

Baby ရဲ့စကားတွေကြောင့် သူ့နှလုံးသားကလည်း သွေးတွေ တစ်စိမ့်စိမ့်ကျ၏။

ဘာမှ မဆိုင်ဘူးတဲ့လား Baby ရယ်...။
ပြောရက်လိုက်တာ...။
ကိုယ့်ကို မတွေ့ချင်တော့လောက်အောင်ကို မုန်းနေခဲ့တာလား...?
ကောင်းပါပြီ...။
ရှေ့ဆက် ကြုံလာရမယ့် အရာတွေ အများကြီးသေးတာကို ကိုယ် ခန့်မှန်းမိပါတယ်...။
ဒီလောက်လေးနဲ့ ကိုယ် ပျော့ညံ့နေလို့ မဖြစ်ဘူးလေ...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now