"ဒါဆို ခင်ဗျားက ဘာအတွက် ကျွန်တော့်ကို လက်ထပ်ချင်ရတာလဲ...?"

"Baby ကို ကိုယ့်အနားမှာပဲထားပြီး စောင့်ရှောက်ပေးချင်လို့..."

(**ဒီလူကြီးခြွေနေတာ... Yibo ဘာမှမဟုတ်ဘူး။ အစပိုင်းမှာတော့ ဒီလိုတွေချည်းပဲ...။**)

"ခင်ဗျားက ကျွန်တော့်ကို အနားမှာခေါ်ပြီး စောင့်ရှောက်ထားချင်ရအောင် ကလေးလို့ ထင်နေတာလား...?
ကျွန်တော့်ခြေထောက်ပေါ် ကျွန်တော် ရပ်တည်နိုင်တယ်..."

"ကိုယ် သိပါတယ်...။
Baby က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်ဆိုတာ...။
ဒါပေမယ့် Baby တစ်ယောက်တည်း မဖြေရှင်းနိုင်တဲ့ ကိစ္စတိုင်းအတွက် Baby ရဲ့ အနားမှာ အမြဲတမ်း ရှိနေပေးချင်လို့...။
ကိုယ့်ကို ခွင့်ပြုပေးနိုင်မလား...?"

XZ စကားအဆုံး YB ရင်ထဲအမျိုးမမည်မသိသည့်လှိုင်းလေးတစ်ခု ဖြတ်ပြေးသွားလေသည်။

(**လေတိုက်နေလို့ နေမှာပါ...**)

"Ok လေ... ခင်ဗျားက ဒီလောက် တောင်းဆိုနေတော့လည်း လက်ခံပေးရတာပေါ့...။
ကျွန်တော်က နစ်နာသွားတာမှ မဟုတ်တာ...။ ဟက်! ကျွန်တော့်မှာရှိသင့်တဲ့ ကျွန်တော့်ရဲ့ဂုဏ်သိက္ခာအတွက်မို့ ခင်ဗျားကို လက်ခံပေးလိုက်တာ..."

Baby ရဲ့ စကားအဆုံး XZ အသက်မှရှုမိရဲ့လားဟူ၍ ကိုယ့်ကိုယ်ကို သတိထားနေရ၏။

နောက်ဆုံးတော့ Baby သူ့ကိုလက်ခံလာပြီပဲ...။ Baby ရဲ့ ဆန္ဒမှန်သမျှဖြည့်ဆည်းပေးနိုင်ဖို့ ကိုယ် ကြိုးစားပါ့မယ် ကလေးရယ်...။

YB အရှေ့ကလူကြီးရဲ့ အပျော်ရိပ်သမ်းနေတဲ့ မျက်ဝန်းတွေကြည့်လိုက်ရင်း...

"ဒါပေမယ့် ခင်ဗျား သိအောင်တော့ ကျွန်တော် ပြောရဦးမယ်...။
ခင်ဗျားနဲ့ ကျွန်တော်က အမည်ခံသက်သက်ပဲ လက်ထပ်မှာမို့ ကျွန်တော့် Personal ကိစ္စတွေကို ဝင်မစွက်ဖက်မိပါစေနဲ့...။
ဝင်စွက်ဖက်လာရင်တော့ ကျွန်တော့်အဆိုး မဆိုနဲ့နော်...။ ပြီးတော့ ကျွန်တော် လွတ်လွတ်လပ်လပ်ပဲ နေမှာမို့ ခင်ဗျားမှာ ဘာချုပ်ချယ်ပိုင်ခွင့်မှ မရှိဘူး...။ စာချုပ်ကို ပြပြီးတော့လည်း ကျွန်တော့်ကို ချုပ်ကိုင်ခွင့် မရှိဘူး...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now