"ဟုတ်တယ်.... တစ်ခုပြီးတစ်ခု ထူးခြားနေတာပဲ"
"ကျင်းကိုကို ဒီမြေပုံက ဦးလေးဆွဲခဲ့တာဆိုတော့ ဒီနေရာတွေကို ဦးလေးရောက်ခဲ့ဖူးလို့ပဲ... သူဘာလို့အဲ့နေရာတွေကို သွားတယ်ထင်လဲ"

       ဟွမ်ကျင်းရွှေက သူမအား အံ့သြစွာ လှည့်ကြည့်လာသည်။

"အမေ့ကို သွားရှာတာ...."
"ဖြစ်နိုင်တယ်...."

"အမေ့အလောင်း ပြန်ရောက်လာတုန်းက အသဲအသန်ငိုနေတာနဲ့ သတိမထားမိခဲ့ဘူး.... တစ်ရက်နှစ်ရက်ကြာတော့ အဖေက ဓားဆွဲပြီးထွက်သွားတယ်.... အမေ့ကိုရှာဖို့ပဲဲ ဖြစ်မယ်...."
"လော့လော် နားမလည်တာရှိတယ်"

"ဘာလဲ...."
"ဒီမှာနေတာ ဒီလောက်ကြာနေပြီကို ဒီသေတ္တာရှိနေတာ သတိမထားမိဘူးလား"

"ဟင့်အင်း.... ငါပဲ စာအုပ်တွေနား မလာမိလို့လားမသိဘူး အဟဲ...."

       ဟွမ်ကျင်းရွှေက မြေပုံနဲ့စာရွက်ကို သူ၏သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်၏။ ပြီးနောက် နှစ်ယောက်အတူ အပြင်ထွက်လာခဲ့ကာ ထမင်းစားဆောင်ဘက်ကို လျှောက်ခဲ့သော် ပုဖောင်က ယဲ့ရှားလုံအား ဆေးလိမ်းပေးနေတာကို တွေ့လိုက်ရသည်။

       ဟွမ်ကျင်းရွှေ သေရည်တစ်ငုံ့မော့ရင်း

"ဘယ်လိုနေလဲ...."
"ဘယ်လိုမှမနေဘူး သူပြန်သွားပြီ... နောက်တစ်ပတ်ကြာရင် ငါတို့ထပ်တိုက်ကြမှာ"

"အချိန်တောင်ညှိလိုက်သေးတယ်ပေါ့"

       ယဲ့ရှားလုံ ဟွမ်ကျင်းရွှေအား မျက်စောင်းတစ်ချက်သာ ပစ်ထိုးပစ်တော့သည်။ ယဲ့ရှားလုံက အစွမ်းထက်သလို လိုင်မုန်ကလည်း ခေသူမဟုတ်တာကြောင့် သူတို့၏တိုက်ပွဲသည် နှစ်ဦးနှစ်ဖက်သာ အထိနာသွားသည်။ မည်သူမှ အနိုင်မရခဲ့ပေ။

       ထို့အပြင် တစ်ပတ်ကြာရင် ထပ်တိုက်ဖို့တောင် ဆုံးဖြတ်လိုက်ကြသေးသည်။ တောင်ထဲတွင် ပတ်ပြေးကာကစားနေသည့် ယွိယွိသည် ယုန်ကလေးတစ်ကောင်လို ခုန်ဆွခုန်ဆွလုပ်ကာ ပြေးလာပြီး လော့လော်ပေါ် ခုန်တတ်လိုက်တော့သည်။

"ယွိယွိ.... နင်တော်တော်လေး အဆော့မတ်လာပါလား ဟင်"

        ယွိယွိသည် လော့လော်ကို သူ့အမွှေးတို့ဖြင့် ပွတ်သပ်ပြီးနောက် သူကိုက်ချီလာတဲ့ စာရွက်ငယ်လေးတစ်ခုကို လော့လော်လက်ထဲ ထည့်ပေး၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now