အရှေ့က သူ့ သူငယ်ချင်းရဲ့ မျက်နှာအရိပ်အကဲကိုကြည့်ပြီး သူကြားထားတဲ့ ရှောင်းကျန့်ရဲ့ ချီးမွမ်းခန်းတွေကို တမေ့တမောကြီး ပြောပြနေရတယ်။

"ငါကို လူတစ်ယောက်အကြောင်း စုံစမ်းပေး သူရဲ့အားနည်းချက်တွေကအစ သူ့အကြောင်း အကုန်လုံး သိချင်တယ် ရအောင် စုံစမ်းခဲ့"

မနေ့ညက ဝမ်ရိပေါ် ပြောတာကို ကြားကြားပြီးချင်း ကျိုးချန်ခမျာ အူကြောင်ကြောင်ဖြစ်နေတုန်း ဟိုဘက်က ဘယ်အချိန် ဖုန်းချသွားမှန်းတောင် သတိမထားမိလိုက်ဘူး။

ဝမ်ရိပေါ်က အရင်က သူ တွဲခဲ့ဖူးသမျှ ကောင်မလေးတွေကိုတောင် တစ်ယောက်မှ စိတ်ဝင်စားတာ မဟုတ်ဘူး။

ဘယ်သူမှ လူမထင်တဲ့ တစ်မိုးအောက်တစ်ယောက် ဝမ်ရိပေါ်က အခု သူကို လူတစ်ယောက် အကြောင်းစုံစမ်းခိုင်းနေတာပါတဲ့။

အဲ့တာကလည်း ယောက်ျား တစ်ယောက်အကြောင်းလေ။

သူကို ဝမ်ရိပေါ်စုံစမ်းခိုင်းတဲ့လူရဲ့နာမည်က ရှောင်းကျန့်။

ဝမ်ရိပေါ်နဲ့‌ အဲ့တယောက် ဘယ်လိုပတ်သက်လဲ မသိပေမယ့် သူငယ်ချင်းလေးရေ မင်းကံကောင်းပါစေကွာ။

ဝမ်ရိပေါ်နဲ့ ပတ်သက်မိသွားရင် ဘယ်လို ဖြစ်မလဲဆိုတာ သူအသိဆုံးပဲလေ။

အထူးသဖြင့် အဲ့လူကို ဝမ်ရိပေါ်က စိတ်ဝင်စားနေပြီဆိုရင်ပေါ့။

"ရှောင်းကျန်က အခု... ချန်ယီနဲ့တွဲနေတာ နှစ်ဦးသဘောတူ စေ့စပ်ဖို့အထိပါ လူကြီးတွေအချင်းချင်း စကားပြောထားပြီးသားလို့ ပြောနေကြတာပဲ ဒါကတော့ အတွင်းသတင်းပါ"

ဝမ်ရိပေါ်က အဲ့စကားကို ကြား‌တော့ နှုတ်ခမ်း‌ ထောင့်စွန်းတစ်ဖက်ကို တွန့်ပြီး မဲ့ပြုံးပြုံးတယ်။

အပြင်မှာ ပြုံးနေပေမဲ့ စိတ်ထဲမှာတော့ သူ ရှောင်းကျန့်ကို ဘယ်လိုအပိုင်သိမ်းရမလဲဆိုတာ ကောင်းကောင်းကြီး တွေးပြီးနေလောက်ပြီ။

Trigger [Completed]Where stories live. Discover now