သားရဲတောင်ပေါ်တွင် သားရဲပေါက်စလေးသည် သိဒ္ဓိစွမ်းအင်ကျော့ကွင်းကနေ သီသီကလေး လွတ်မြောက်လာခဲ့သော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့သည်။ ထိုစဥ် လော့လော်က လက်ထိပ်ကိုသွေးဖောက်၍ ကုသပေးခဲ့၏။

       ထိုအချိန်တုန်းက ကျားဝါအဖိုးကြီးလှမ်းတွေ့ကာ သူမသွေးကို သံသယဝင်သွားခြင်း ဖြစ်ပေလိမ့်မည်။

       ပြန်တွေးကြည့်ကာ လော့လော် ခေါင်းတဆက်ဆက် ညိတ်မိပြန်သည်။

"တုံးလိုက်တာ သားရဲကိုကုသနိုင်မှတော့ သားရဲကုသသွေးပဲဲ ဖြစ်မှာပေါ့.... ရိယုံ ဒီနှစ်တွေထဲ မင်းဘာတွေပြဿနာရှာခဲ့သေးလဲ..."
"ကျွန်တော်....ကျွန်တော်...."

"ပြောပါ...."

       ရိယုံသည် လော့လော်အမေးကို မဖြေတော့ဘဲ လေထုအလယ်သို့ ခုန်တတ်လိုက်ပါတော့သည်။ ထိုစဥ် ဟွမ်ကျင်းရွှေက ရွှေဝါရောင်ကြိုးတစ်ချောင်းဖြင့် ရိယုံခြေထောက်ကို ရစ်ပတ်ထားကာ ပြန်စောင့်ဆွဲပစ်သည်။

       ရိယုံသည် ​မြေကြီးနှင့် အရှိန်ပြင်းပြင်း မိတ်ဆက်သွား၏။

'ဝုန်း....'

"အင့်"

       လော့လော်သည် ခြေကားလက်ကားဖြင့် မြေကြီးထဲခွပ်ဝင်သွားသူနား ပြေးလာ၍ ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။ သူသာထွက်မပြေးခဲ့ရင် ဟွမ်ကျင်းရွှေပြန်ဆွဲတာ ခံရမှာ မဟုတ်ဘူးလေ။ ဟွမ်ကျင်းရွှေ အားဘယ်လောက်ပြင်းသွားသလဲမသိ ရိယုံလုံးဝသတိလစ်သွားတော့သည်။

       သို့နှင့် ရိယုံကိုပါ တိမ်လွှမ်းတောင်ထွတ်သို့ ခေါ်လာခဲ့လေ၏။

"သခင်လေး....သေရည်ရပြီ"

       မိုးမခပင်နားရှိ ကျောက်ပြားရှေ့တွင် စားပွဲဝိုင်းတစ်ခုကိုပြင်ဆင်၍ ချင်းယန်က ဟွမ်ကျင်းရွှေအတွက် သေရည်အိုးတစ်အိုးကို လာချပေးသည်။ ယဲ့ရှားလုံက စားပွဲနှင့်မနီးမဝေးရှိ ကျောက်တုံးပေါ်တွင် လက်ပိုက်လျက် ထိုင်နေသည်။

       မိန်းကလေးပုံစံပေမယ့် သူ၏ယောကျ်ားလေးဆန်သော အပြုအမူတွေကတော့ ဖုံးကွယ်လို့မရပေ။ သူသည်ပူလောင်လာတာကြောင့် အပေါ်ဝတ်ရုံချွတ်ရန် ပြင်သော်လည်း ရေဇလုံနဲ့အတူ ပြန်ရောက်လာသော လော့လော်က အော်လေသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now