သိပ်မကြာလိုက်ခင်မှာပင် သူသည် တိမ်လွှမ်းတောင်ထွတ်၏ လျိုဝှက်ကျင့်စဥ်တစ်ဆင့်ကို တက်မြောက်သွားလေပြီ။ တံခါးနားမှာ အရိပ်မြင်တာကြောင့် ဖွင့်ကြည့်စဥ် အပြုံးတွေနဲ့ကြိုဆိုနေတဲ့ သူတစ်ယောက်ကြောင့် သူစိတ်ဆိုးနေခဲ့တာတွေ ပျောက်သွားရသည်။

       မကြာခင်အချိန်မှာပဲ စားပွဲထိုးလေးနှစ်ယောက်သည် မှာထားသည့် ဟင်းလျာအစုံအလင်နှင့် ပန်းခုနှစ်မျိုးသေရည်ကို လာချပေး၏။ ညစာကို အားလုံးအတူတူ စားကြရင်း လော့လော်က စကားစလိုက်သည်။

"ရှစ်ဇွင်း.... စိတ်ညှို့ဆေးအပ်အကြောင်း စုံစမ်းမလို့ဆို..."
"အင်း...."

"ဒီမှာလား"
"အင်း...."

       လော့လော် နားမလည်ပေ။ သေရည်အိုးကိုတွေ့ပြီး သူမပြောတာတွေကို သေချာနားမထောင်ဘဲ အင်းအင်းနဲ့ပဲ ပြန်ဖြေနေသလားမသိတာကြောင့် လော့လော် ဟွမ်ကျင်းရွှေလက်ကို ဆွဲလိုက်သည်။

"ရှစ်...."
"ရှူး.....တိုးတိုး...."

"ဇွင်း... ဘာ ဖြစ် လို့ လဲ"
"အပေါ်ထပ်မှာ..."

       လော့လော် အပေါ်မျက်နှာကျက်ကို မော့ကြည့်မိသည်။ သူမတို့အပေါ်မှာ အထပ်တစ်ထပ်နဲ့ သူမတို့အခန်းလို သီးသန့်စားသောက်ခန်းတစ်ခန်း ရှိလေသည်။ ဤစားသောက်ဆိုင်သည် လျိုဝှက်တွေ့ဆုံမှုအတွက်လည်း အလွန်အကျုံးဝင်ပေသည်။

       အခန်းကလုံသလို သိဒ္ဓိစွမ်းအင်တွေနဲ့လည်း ကာရံထားတာမလို့ လျိုဝှက်သတင်းတွေ ဖလှယ်ရာတွင် စိတ်ချစွာ ဖလှယ်နိုင်၏။ သိုင်းပညာအဆင့်မြင့်ပြီး နားပါးသောသူများသာလျှင် ကြားနိုင်လိမ့်မည်။ ဟွမ်ကျင်းရွှေသည် လက်ချောင်းထိပ်တွင် ရွှေဝါရောင်လိပ်ပြာလေးတစ်ကောင်ကို ဖန်ဆင်းလိုက်၏။

       လော့လော် မျက်လုံးတို့တောက်ပသွားပြီး လိပ်ပြာလေးကို တို့ထိကြည့်သည်။

"လှလိုက်တာ... "

       ဟွမ်ကျင်းရွှေ ပြုံး၍ လိပ်ပြာလေးကိုလွှတ်လိုက်သည်။ ရွှေဝါရောင်လိပ်ပြာသည် မျက်နှာကျက်ပေါ်တွင် နားနေပြီးနောက် ရွှေဝါရောင်အမှုန်များအဖြစ် ပြောင်းလဲသွားကာ မျက်နှာကျက်ကိုဖောက်၍ တစ်ဖက်အခန်းထဲ ဝင်သွားသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now