"မမေးတော့ပါဘူး ကိုယ် အဲ့နေ့က ကိစ္စတွက် တကယ်တောင်းပန်ပါတယ် "

"တောင်းပန်တိုင်းကျေအေးပေးရအောင် ကျွန်တော် ပြည့်ဝနေတဲ့လူသားမဟုတ်ဘူး"

"ကိုယ် ညီ ကျေနပ်တဲ့ထိတောင်းပန်ပါ့မယ်။ကိုယ်ရှင်းပြတာတော့ နားထောင်ပေးပါ ကျေးဇူးပြုပြီး"

"........"

" ကိုယ် နောက်နေ့မနက်ကျတော့ ညီ ကိုတောင်းပန်ဖို့လိုက်ရှာခဲ့တယ်။ မွန်ပြည်နယ်ကို သွားတဲ့လမ်းမှာ ကိုယ် ကား accident ဖြစ်ခဲ့တယ်။ ကိုယ့် အခြေနေကဆိုးတော့ နိုင်ငံခြား ထိသွားပြီးဆေးကုခဲ့ရတယ်။ အချိန် တော်တော်ကြာသွားခဲ့တယ်။ ကိုယ်သက်သာလာတော့ မြန်မာပြည်ကို ပြန်လာချင်ပေမယ့် လုပ်ငန်း ကိစ္စတွေနဲ့ အခြေနေမပေးခဲ့ဘူး။ ကိုယ်ပြန်ရောက်ရောက်ချင်း ညီ့ကို ရှာခဲ့တယ် မွန်ပြည်နယ်တစ်ခုလုံးကို ရှာပေမယ့် ညီ့ကိုရှာမတွေ့ခဲ့ဘူး။ ကိုယ် ညီ့ကိုတာင်းပန်ဖို့ရှာနေခဲ့ပါတယ်။ ပြီးတော့ ညီ့ကို တာဝန်ယူဖို့.."

"အဟက် တာဝန်ယူပေးရအောင် ကျွန်တော် မိန်းမမဟုတ်ဘူး။ ပြီးတော့ အဲ့နေ့ကိုလဲ ကျွန်တော်မေ့လိုက်ပြီ"

"ညီရယ် ကိုယ့်အမှားကိုလဲ ကိုယ်သိပြီး နောင်တရနေပါပြီ။ ညီနဲ့ကလေးလေးကို ကိုယ်တာဝန်ယူပါရစေ"

"မလိုဘူး သမီးလေးကို ကျွန်တော် ရှာ ကျွေးနိုင်တယ်။ ခဗျားနဲ့သက်ဆိုင်တယ်လို့ ထင်တဲ့ အတွေးတွေ ခေါင်းထဲက ထုတ်လိုက်..ခဗျားနဲ့ ဘာမှ မပက်သတ်ဘူး. ခဗျားသွားတော့"

ရှိုင်း စိုင်းကို ကျောပေးပြီး သူ့အိမ်ဘက်ကို ပြန်လာလိုက်သည်။ မျက်နှာနုနုလေးပေါ်ခုန်ဆင်းသွားတဲ့ မျက်ရည်တစ်စက် ကို လျစ်လျုရှူရင်းပေါ့။ ထိုမျက်ရည်ကို မြင်ဖြစ်အောင်မြင်လိုက်တဲ့ လူတစ်ဦးလဲရှိပါသေးသည်။

စိုင်း ထွက်သွားတဲ့ လူသားလေးရဲ့ နောက်ကျောကို ကြည့်ပြီး သူ့အသဲတွေ ကြေကွဲမတတ်နာကျင်ရသည်။

*မင်းရဲ့ မျက်ဝန်းထဲမှာ သံယောဇဉ် အရိပ်အယောင်တွေကို တွေ့တယ်။ ကိုယ် မင်းကို မရရအောင် ပြန်ခေါ်မယ် ငယ်။ မင်းလေး လိုက်ခဲ့ဖို့သာ ပြင်ထားပေတော့ ငယ်*

Love is..❤  (🚨Complete 🚨)Where stories live. Discover now