စုပေလည်း ဒီအကြောင်းကိုတွေးမိခဲ့တယ်, နောက်ပြီး ဦးလေးဖုရဲ့စကားတွေက တကယ့်ကို ယုတ္တိရှိလှတယ် : "ဦးလေး, ဖေဖေက အနုပညာဖျော်ဖြေပွဲတွေလိုမျိုး အရာတွေအပေါ် စိတ်ဝင်စားလိမ့်မယ်လို့ ဦးလေး ထင်လားဟင်?"

"သေချာတာပေါ့" ပုံမှန်အားဖြင့် Mr.ချင်က ဒီလိုပွဲမျိုးတွေကို စိတ်မဝင်စားသော်ငြား သူ့သမီးအရင်းလေးရဲ့ ဖျော်ဖြေတင်ဆက်မှုကိုတော့ သူအတော်လေး စိတ်ဝင်တစားဖြစ်နေခဲ့တယ်ဆိုတာကတော့ အသိသာကြီးပဲလေ။

အဲဒီအချိန်မှာပဲ စုပေရဲ့ဘေးမှာထိုင်နေတဲ့ စုရှောင်ပေါင်က ရုတ်တရက်ကြီး ဖြတ်ပြောလိုက်တယ် : "သူစိတ်မဝင်စားဘူးဆိုတာက သူ့ကိစ္စလေ။ တစ်ခြားမိဘတွေလည်း သွားကြမှတော့ သူက ဘာဖြစ်လို့ မသွားနိုင်ရမှာလဲ?" စုပေက တကယ်ကြီး ချင်ရှောက်ကိုသွားစေချင်ခဲ့တာကိုတော့ ကောင်လေးကမြင်နိုင်တယ်။

ဦးလေးဖု : "သမီး ဒီည Mr.ချင်ကိုပြောလိုက်ပေါ့"

စုပေ : "ဟုတ်ကဲ့ပါ" သူမ အိပ်မပျော်သေးခင် ချင်ရှောက်အိမ်ပြန်ရောက်လာခဲ့ရင်ပေါ့။

-----

နေ့လည်ခင်းမှာတော့ စံအိမ်က ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့တယ်။ Mr.ချင်က အစကတော့ အိမ်ကို စောစောပြန်ဖို့စီစဉ်ထားခဲ့တာ။ သို့ပေမယ့် ညနေ ၄နာရီမှာတော့ သူအာရုံစိုက်ပေးဖို့လိုအပ်တဲ့ စီမံကိန်းတစ်ခုမှာ မျှော်လင့်မထားတဲ့ ပြဿနာတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။

Mr.ချင် ကျင်းယွမ်ကို ညဖက်မှပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ ၁၁နာရီနီးနီး ရှိနေခဲ့ပြီဖြစ်တယ်။ စံအိမ်တစ်ခုလုံးက အလွန်အမင်းတိတ်ဆိတ်လို့နေတယ်။ သို့သော်, အရင်နှင့်မတူပဲ, ဒီညမှာတော့ ဧည့်ခန်းမှာရှိတဲ့မီးအိမ်လေးက ဖွင့်လျက်သားဖြစ်နေခဲ့တယ်။ သူဖြတ်သွားလိုက်တဲ့အခါ ချင်ရှောက်က ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ပုံရိပ်လေးတစ်ခုကို တွေ့သွားခဲ့တော့တယ်။

စုပေက ဆိုဖာထောင့်စွန်းလေးမှာ စောင်လေးခြုံကာ သူမခေါင်းလေးကိုစောင်းထားရင်း နွေးနွေးထွေးထွေးလေး ဝင်ကွေးနေခဲ့တယ်။ နွေးထွေးတဲ့အဝါရောင်အလင်းတန်းလေးက ကောင်မလေးရဲ့ ဖြူအုနေတဲ့မျက်နှာပေါ်သို့ ကျရောက်လို့နေလေတယ်။ သူမကိုကြည့်ရတာ ငြိမ်သက်အေးချမ်းပြီး နွေးထွေးနေသလိုပါပဲ။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now