🐰 Episode - 16 🐹

Start bij het begin
                                    

သူ့အတွေးအဆုံး မျက်နှာနုနုအား လက်ဖဝါးနှစ်ဖက်
နဲ့ အုပ်ကိုင်ရင်း ရှိုက်ငိုမိသည်။
Seokjin စကားတွေက သူ့အား နာကျင်စေသည်။
ရေတွေနဲ့အတူ စီးကျရောပါသွားတဲ့ မျက်ရည်တွေက မကုန်ခန်းနိုင်...

"ဘာလို့လဲ ဘာလို့လဲ ဘာလို့ကျွန်တော်တို့မှလဲ..."

မတ်တပ်ရပ်နေရာကနေ သူထိုင်ချလိုက်မိသည်။
နံရံကိုမှီပြီး ခေါင်းငိုက်စိုက်ချရင်း ငိုကြွေး၏။

သူတို့ခံစားချက်တွေကို ဘယ်သူမှမသိလိုက်ခင်ပဲ ရပ်လိုက်ကြမယ်တဲ့..ကောင်းပြီ.ရပ်လိုက်တော့မယ်..
သူ့ခံစားချက်တွေကို သူမြိုသိပ်ထားတော့မယ်..

ချစ်ပါလို့ တောင်းဆိုနေတဲ့ နှလုံးသားကို ဥပေက္ခာ
ပြုပြီး မဖြစ်နိုင်ဘူးလို့ပြောနေတဲ့ ဦးနှောက်နဲ့ တားဆီးတော့မည်။

ဒီနည်းလမ်းဟာ ဘယ်သူမှမနာကျင်စေဖို့နည်းလမ်း..
မှန်သည်။Seokjin စကားတွေက သိပ်မှန်သည်။

အကို့ကို လက်လွှတ်ပေးတော့မယ်...မချည်
နှောင်ထားတော့ဘူး...အကိုပျော်ရွှင်ဖို့အတွက်..
ပြီးတော့ အကုန်လုံး မနာကျင်စေရဖို့အတွက်...

သူ့လိုပဲ တစ်ဖက်က ကောင်လေးမှာလဲ ရှိုက်ကြီးတငင် ငိုကြွေးနေမယ်ဆိုရင်ဖြင့်...

.
.
.
.
.

"Seokjinie.ဘာလို့လဲ..စားမကောင်းဘူးလားဟင်"

ထမင်းပန်းကန်လေးထဲ အသားဖတ်လေးထည့်
ပေးပြီး ပြောလာတဲ့ မေမေကြီးအသံကြားမှ တူလေးကိုင်ပြီး ငူငိုင်နေရာကနေ Seokjin ခေါင်းလေးမော့လာ၏။
မေမေကြီး ကျေနပ်အောင် ပြုံးပြရင်း...

"မဟုတ်ပါဘူး မေမေကြီး..စားကောင်းပါတယ်"

အရင်တုန်းက အစားသောင်းကျန်းလွန်းတဲ့ အစား
တစ္ဆေလေးက အခုတော့ ဟိုဟင်းဒီဟင်းအား တို့ခနဲ
ဆိတ်ခနဲ လုပ်နေသည်ကို Jungkook သတိထားမိပါသည်။

အင်း...ဆက်တိုက်ကြည့်နေတယ်ဆို ပိုမှန်မည်ပေါ့..

"အာ...ထမင်းစားနေကြတာလား"

စားသောက်နေရင်းမှ အသံကြားတာကြောင့် လေး
ယောက်လုံး အသံလာရာမော့ကြည့်လိုက်တော့ လက်ထဲအထုတ်ပေါင်းမြောက်မြားစွာနဲ့ Yeon Somi...

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Waar verhalen tot leven komen. Ontdek het nu