"ဟင်...  aww ဟုတ်တယ် အိမ်ကို ပြန်လာကတည်းကPhစက်ပိတ်သွားလို့ ဒီတိုင်းထား, ထားတာ...။ ပြီးတော့ Ph ကြည့်နေရင် ငါနဲ့ကိုကို့ သတင်းတွေ အောက်က comment တွေကိုလည်း ကြည့်နေမ်ဦးမှာ ဟင်းးးး"

YB သက်ပြင်းလေးအသာချ၍ အေးအေးသက်သက်သာပြောလိုက်သော်လည်း လန်ကျင်းရီရဲ့တန်ပြန်အမေးစကားက သူ အသိမထားမိလိုက်သည့် အရာတစ်ခုကို သိသာစေ၏။

"ဘယ်လို? ကိုကို ပေါ့လေ?"

"ဟမ်..?"

Yibo သူ့ကိုယ်သူတောင် သတိမထားလိုက်မိ...။  သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း ခင်ဗျားကို "ကိုကို" လို့ ပါးစပ်က ထွက်သွားမိရတယ်လို့ဗျာ...။

သူငယ်ချင်းတွေကလည်း ထိုသို့အကြောင်းအရာတွေကို သိပ်အလေးမထားလို့သာ တော်တော့သည်။

"အေးပါ "ကိုကို" ဆိုတော့လည်း "ကိုကို" ပေါ့...။  မင်း ကိုကို ဖြေရှင်းစာ မမြင်သေးဘူးလား...?"

"ကျင်းရီ" စကားကြောင့် YB မျက်နှာအောက်ငုံ့နေရင်းမှ မျက်လုံးလေးပင့်ကြည့်မိသည်။

"အေး ကြည့်မနေနဲ့ Ph တောင် ဘယ်နားထားမိမှန်း မသိဘူးမလား...?"

"ကျင်းရီ" ရဲ့ စကားက မှန်နေတာမို့ YB ဘာမှ ခွန်းတုံ့မပြန်မိ...။ သူကလည်း သူပါပဲလေ...။

"ကဲပါကွာ ထားလိုက်တော့ ငါပဲ အဲ့ဒီ စာ ပြလိုက်တော့မယ်..."

ဒီလိုသာ ဆက်ပြောနေကြရင် လိုရင်းကို မရောက်တော့တာကြောင့် YB တို့နှစ်ယောက်ကြားက စကားဝိုင်းကို "စစ်ကျွေး" ဝင်ပြောပေးလိုက်ရသည်။

စစ်ကျွေး သူ့ Ph ကိုဖွင့်ကာ တစ်ခုခုရှာနေတာကို YB စောင့်ကြည့်နေမိ၏။

ဘယ်လောက်မှ မကြာလိုက် သူ့ Ph ကို YB ဆီကမ်းပေးတာကြောင့် YB ယူပြီး ကြည့်လိုက်သည်။

ဒါ ကိုကို့ရဲ့ဖြေရှင်းစာပေါ့...။

YB ထိုစာလေး ဖတ်နေရင်း သူ့ကိုယ်သူမလုံသလို ခံစားလာရ၏။
ဘယ်လိုဖြစ်လို့...? ဒီလူကြီး???

YB စာလေးကို အဆုံးထိ သေချာဖတ်ပြီးသွားတော့ "စစ်ကျွေး" Ph လေး ပြန်ပေးလိုက်သည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}حيث تعيش القصص. اكتشف الآن