တံခါးအနားရောက်အောင်ကို သူ့မှာ မနဲသွားပြီးဖွင့်ပေးခဲ့ရသည်။

တံခါးဖွင့်ပေးလိုက်တာနဲ့ "စစ်ကျွေးနဲ့ကျင်းရီ" တို့ညီအကိုနှစ်ယောက် YB ကိုပင် စေ့စေ့မကြည့်ပဲ အခန်းထဲသို့ ခပ်သွက်သွက်ဝင်သွားကြသည်။

ကုတင်ပေါ်ကို သုံယောက်စလုံးနေရာတကျထိုင်ပြီးတာနဲ့ ထိုညီအကိုနှစ်ယောက် စကားတွေ တန်းစီနေအောင်ပြောတော့သည်။

"Yibo ရာ... ငါတို့ကတော့ စိတ်ပူလိုက်ရတာ...။ Hotel ကို Ph ဆက်ပြီးမေးတော့လည်း မင်း ပြန်သွားပြီတဲ့...။ မင်း Ph ဆက်တော့လည်း စက်ပိတ်ထားတယ်ပဲ အော်နေတာ...။  ကျောင်းကလည်း အရင်က Role call ခေါ်ရင် ငါတို့နှစ်ယောက် တစ်လှည့်စီထူးပေးနေကိုကွာ.....
အခု မင်း သတင်းတွေကလည်း ပြန့်နေတော့ ဆရာတွေလည်း မင်း ကျောင်းမလာတာကို ရိပ်မိနေကြပြီ...။  Role call လည်း ထူးပေးလို့ မရတော့ဘူး..."

အစွာလန်ကျင်းရီကတော့ သူပြောချင်ရာတွေကို Rap စာသားတွေ ထိုင်ရွတ်နေသလို အစဥ်အစာမပျက် တရစပ်ရွတ်သွားလေ၏။

"ဟုတ်တယ် Yibo မင်း ကျောင်းပြန်မတက်သေးဘူးလား...? စာမေးပွဲလည်း နီးပြီနော်...။  မင်း စာတော်တာ သိပေမယ့် ကျောင်းပျက်တာများရင် မကောင်းဘူးကွ..!"

"ကျင်းရီ" ရဲ့ စကားကို "စစ်ကျွေး" က ထောက်ခံသလို ဝင်ပြော၏။

ငါကလည်း ကျောင်းကို မလာချင်ပဲ နေပါ့မလား...? ငါ စိတ်ဝင်စားတဲ့ ကျောင်းကို တက်ခဲ့တာပဲလေ...။
ဒါပေမယ့် ကျောင်းလာရင် ဘေးက လူတွေ ငါ့ကို ထူးဆန်းသလို ကြည့်နေမှာ ငါ မလိုလားဘူး...။

ပတ်ဝန်းကျင်ကို အရမ်းကြီး စိတ်ဝင်စားတတ်တဲ့ လူတော့ မဟုတ်ပေမယ့် ထိုအကြည့်တွေကို မြင်​နေရရင် အတိတ်တွေက ခြောက်လှန့်နေဆဲမို့...။

"Omm ငါ ကျောင်းတက်မှာပါ... ဒါပေမယ့် ကျောင်းက လူတွေ... င.."

"Wang Yibo! မင်း Ph ဖွင့်မကြည့်ရသေးဘူးလို့တော့ လာမပြောနဲ့နော်..."

YB စကားကို "ကျင်းရီ" အဆုံးထိ နားမထောင်ပဲ ကြားဖြတ်ပြောလာသော ထိုစကားကြောင့် YB နားမလည်သလို ပြန်ကြည့်မိ၏။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now