စပ် အမြန်ပင် ကားသော့ဆွဲကာ ထိုဆိုင်သို့ထွက်လာလိုက်သည်။

ဟိုရောက်တော့ နှိုင်းကို မတွေ့ဘဲ နှိုင်းရဲ့ Designer မိန်းကလေးက သူ့ကို ကြိုဆိုနေသည်။
"ကိုစပ် ရောက်ပြီလားရှင့်"

"ကလေး ရော"
မေးတာတခြား ဖြေတာတခြားဖြစ်နေသော စပ် ကို ဝတ်ရည် အဆန်းလုပ်မနေတော့။

"နှိုင်းလေး က ကိုစပ်ကို သေချာပြင်ပေးဖို့ မှာသွားပါတယ်"

" ဟမ် ဘာကို ပြင်ရမှာလဲ ပွဲလဲမရှိပါဘူး"

" နှိုင်းလေးက သူပြောတဲ့တိုင်းလုပ်ပါတဲ့ မဟုတ်ရင် တစ်သက်လုံး မတွေ့ဘူးတဲ့"

"ဟာ ပြင်မယ် ပြင်မယ် "

စပ် ဝတ်ရည်ပြင်ဆင်ပေးနေတာကို ဂရုမစိုက်အား။ သူ့စိတ်က နှိုင်းဆီမှာ ။ ဘာလို့ သူ့ကို ဒီလိုပြင်ခိုင်းတာလဲ သူသိပ်သိချင်သည်။

တစ်နာရီလောက်ကြာတော့ စပ် ကို ပြင်ဆင်ပေးမှူ ပြိးစီးသွားသည်။ အနက်ရောင်ကြိုက်တဲ့ စပ် ကို All Black ဆင်ပေးထားပြီး ပခုံးနားတစ်ဝိုက် ရွှေအစစ် ကြိုးမျှင်မျှင်လေးတွေနဲ့ အလှဆင်ထားသည်။ အကျိင်္ လက်ကောက်ဝတ်ကို ခေါက်ထားပြီး ခေါက်ထားတဲ့နေရာလေးက အဖြူရောင်ဖြစ်ပြီး နီလာကျောက်လေးတွေ တပ်ဆင်ထားသည်။ ငွေရောင်ကြိုးလေးကို ဘောင်းဘီ အိတ်ကပ်နားတွင် တပ်ဆင်ပေးထားသည်။ ထို အရာတွေကို ဆင်မြန်းထားတဲ့ စပ် က သက်ရှိနတ်ဘုရားတစ်ပါးလား အရှိန်အဝါကြီးလွန်းနေသည်။

ပြင်ဆင်ပြီး အပြင်ထွက်လာတော့ မင်းခန့် က ကားထဲမှာ ကြိုစောင့်နေသည်။

"ငါ ဒီကိုရောက်နေတာ ဘယ်လိုသိတာလဲ "

" အကိုလေးပြောပြတာပါ"

" ကလေးက ဘယ်မှာလဲ "

"ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

စပ် ရဲ့ စိတ်လှူပ်ရှားစွာ မင်းခန့် ဦးတည်မောင်းနေတဲ့နေရာကို လိုက်သွားသည်။

ကားမောင်းနေတာ တဖြည်းဖြည်း နဲ့ မြို့ပြင်းရောက်နေပြီဖြစ်သောကြောင့်

"မငိးခန့် ကလေးက ဘယ်မှာလဲလို့ ငါမေးနေတယ်လေ."

အံကြိတ်ပြီးမေးလိုက်တော့ မင်းခန့်က တုတ်တုတ်မလှူပ်။ ပြန်လဲမဖြေ။ သူနဲ့ အလုပ်လုပ်စဉ် ကာလအတွင်းမှာ ဒီလို အပြုအမူမျိုးတွေ မင်းခန့်တစ်ခါမှ မလုပ်ခဲ့။ စပ် ဒေါသထွက်ပြီး ပြောမယ်ကြံတော့

Love is..❤  (🚨Complete 🚨)Where stories live. Discover now