"ကျင်းကိုကို.... စထွက်ကြမလား...."
"ဒါပေါ့.... ဓားထုတ်ဖို့အချိန်တန်ပြီ"

        နောက်နှစ်လဆို ဟုန်ကျင်းချင်ဂိုဏ်းတွင် ဂိုဏ်းဝင်တပည့်ရွေးပွဲ ရှိလေတာကြောင့် ဟုန်ကျင်းကျောင်းက ကျောင်းသားများလည်း ဂိုဏ်းသားဖြစ်နိုင်ရေးအတွက် တစ်နှစ်တာလုံး ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ကြသည်။ တစ်ယောက်စီတိုင်းက ဂိုဏ်းသားဖြစ်ဖို့ မျှော်လင့်ထားကြလေသည်။

        တိမ်လွှမ်းတောင်ထွတ်မှ ထွက်လာပြီး တောင်ခြေရောက်သောအခါ ဟွမ်ကျင်းရွှေသည် မန္တာန်တစ်ခုကိုရွတ်ဖတ်၍ တောင်ခြေက သစ်သားမီးအိမ်တစ်ခုကို ရိုက်လိုက်သည်။

'ဝုန်း.....'

       မီးအိမ်မှစွမ်းအင်တို့ ဖြာထွက်သွားပြီး တိမ်လွှမ်းတောင်ထွတ်တစ်ခုလုံးပေါ်သို့ အုပ်မိုးသွားသည်။

"ကျင်းကိုကို လော့လော်ကိုလည်း သင်ပေးရမယ်နော်"
"ငါစိတ်ကောင်းဝင်တဲ့အချိန်ပေါ့"

"ဟွန့်.... သူကတစ်ချက်တစ်ချက် ထထဖောက်နေတာကြီးကို..."

       ထိုစကားကိုတော့ သူတစ်ယောက်တည်းသာ ကြားနိုင်သည့် လေသံဖြင့် တိုးတိုးကလေး ဆိုလိုက်သည်။ မဟုတ်ရင် ဟွမ်ကျင်းရွှေ ခေါင်းခေါက်တာကို ခံရနိုင်သည်မို့။

       သူမ မသိလိုက်တာက နားပါးသောသူက ကြားလိုက်တယ်ဆိုတာပင်။

"ကျင်းကိုကို အမြန်ကြီးမလျှောက်ပါနဲ့...."

       ကျင့်ကြံသူတို့စျေးကွက်ကို ရောက်သောအခါ မနက်စာဝယ်စားလိုက်ကြရင်း လော့လော်က တစ်ခုခုအား သတိရသွားဟန်ဖြင့် ဟွမ်ကျင်းရွှေအနား တိုးကပ်သွားသည်။

"ကျင်းကိုကို.... လော့လော်တို့ဒီမှာ ခွေးလိုက်ဆွဲခံရတာ မှတ်မိသေးလား...."
"သိတယ်....."

"အဲ့တုန်းက ပုံရိပ်ယောင်မှန်းတောင် သတိမထားမိဘူး... ကျင်းကိုကိုကော သတိမထားမိခဲ့ဘူးလား"
"ကြောက်နေတဲ့အချိန် ဘာစဥ်းစားနိုင်မှာလဲ"

"အဲ့တာတော့မှန်ပါတယ်... ဒါပေမယ့် အဲ့တာက တစ်ခုခုထူးခြားနေတယ်လို့ မထင်ဘူးလား... လော့လော်ထင်တာတော့ အဲ့ဒီလူက ကျင်းကိုကိုကို အကြောက်လွန်ပြီးသေအောင် လုပ်နေသလိုပဲ"

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now