"တကယ်ရိုက်မှာလား"

"တကယ်"

"ဟွန့်"

Kyung Soo. Yeol ကိုလှည့်မကြည့်ဘဲ​ နေရာကထွက်လာခဲ့တယ်

"Yeolလေး"

"ဟုတ်"

"သား ကိုဂရုစိုက်ပေးနော် ပြန်ကောင်းတာလည်း သိပ်မကြာသေးတော့ စိတ်ပူလို့"

"စိတ်ချပါ အန်တီ"

Yeol. Kyung Soo ကိုသွားချော့ရမယ် စပြီးပြောလိုက်တာကို သိသိကြီးနဲ့ စိတ်ကောက်နေတဲ့ ကလေးပိစိ

ဒေါက် ဒေါက်~

"ငယ် ဝင်လာခဲ့မယ်နော်"

"မလာနဲ့ လူကိုရိုက်မယ်လေးဘာလေးနဲ့"

Kyung Soo မကျေနပ်နဲ့ တိုးတိုးလေးပွစိပွစိပြောနေတာ
Yeol ဝင်သွားတော့ ဝရန်တာကနေ အပြင်ဘက်ကိုငေးကြည့်နေတဲ့ ဂွမ်းလုံးလေး

"ငယ်"

".........."

"ဘာတွေငေးနေတာလဲ"

".........."

"ဟော မေးနေတာကို"

Yeol ပြောရင်း နောက်ကနေ ပုခုံးပေါ်ကို မေးတင်လိုက်တော့

"သွား လာမထိနဲ့"
Yeol နဖူးကိုနောက်ပြန်တွန်းလွှတ်နေတယ်

"ထိမှာပဲ"

Yeol ရှေ့မှာရှိနေတဲ့ Kyung Soo ကိုယ်လေးကို မလှုပ်နိုင်အောင် သိမ်းကျုံးဖက်တွယ်လိုက်တယ်

"ခုနတော့ရိုက်မှာဆို"

"မရိုက်ပါဘူး"

"ခုနပြောတယ်လေ"

မရုန်းတော့ဘဲ ရင်ခွင်ထဲက ပြန်ရန်တွေ့နေပြန်ပါပြီ

"ငယ် ကိုကို့ ကိုစိတ်ပူအောင်လုပ်ရင် ရိုက်မှာ"

"တကယ်ရိုက်မှာပေါ့"

"တကယ်ရိုက်မှာပါဆို"

Kyung Soo မျက်စောင်းထိုးလိုက်တယ်
^ပြန်ချော့မယ်မရှိဘူး ရိုက်ဖို့ပဲပြောနေတယ်^

"ငယ် စူပုပ်နေတာလေးက တအားချစ်ဖို့ကောင်းတာပဲ"

လည်တိုင်နားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တဲ့ Yeol ကြောင့် Kyung Soo ကြက်သီးတဖြန်းဖြန်းထမိတဲ့အထိ လေငွေ့နွေးနွေးက လည်တိုင်ကို လာပြီးကျီစယ်နေတယ်

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now