စာစဉ် ၄၈ (၁၅-၂၅)

Ξεκινήστε από την αρχή
                                    

“အာ…အာ…ဟုတ်သားပဲ ။ ၀မ်ဝမ်၊ ရီဝမ်ဝမ် ။ ရှန်းယွီ…မင်း မသိလို့  ၊ အနုပညာလောကကြီးတစ်ခုလုံး ပွက်လောရိုက်သွားလိုက်တာ ဆိုတာလေ ။ ငါ့ ဂရုချက်မှာဆို လူတိုင်းပဲ အဲ့အကြောင်းကို ပြောနေကြတာ ။ ဟိုလူတွေ ငါ့ကို ဖုန်းဆက်လွန်းလို့  ငါ့ဖုန်းလည်း ပေါက်ထွက်တော့မယ့် အတိုင်းပဲ ။ ချီးပဲ…ငါလည်းပဲ လုံးဝကို အံ့သြသွားတာကွ ။ ငါလည်း ဒီညမှ အဲ့အကြောင်းကို သိခဲ့ရတဲ့ဟာ ။ ဒါပေမယ့် ရှန်းယွီ…မင်းကကျတော့ ဒီအကြောင်းကို သိနှင့်နေပြီးသားတဲ့လား”

ဖေးယန်သည် ပြောနေရင်းမှ တစ်စုံတစ်ရာကို သတိရမိသွားပြီး
သူ့ ခေါင်းသူ ဖြောင်းခနဲ ရိုက်ချလိုက်ကာ…
“ချီးပဲ…မဟုတ်မှလွဲရော… မဟုတ်မှလွဲရော ဟိုတလောက
မင်းနဲ့  သတင်းထွက်ခဲ့တဲ့ မိန်းကလေးက ရီပိုင် လား”

ဟန်ရှန်းယွီသည် ထောက်ခံခြင်း ငြင်းဆိုခြင်းကို မဆောင် ။ မည်သည့်စကားတစ်ခွန်းမှ မပြောလာဘဲ ၀ိုင်ကို သောက်နေလေသည် ။

ဖေးယန် နားလည်သွားလေပြီ ။

“သေစမ်း…ဒါကြောင့်ကိုး ။ မင်း ဘာကြောင့်များ ရုတ်တရက်ကြီး မိန်းကလေးတစ်ယောက်ကို အရမ်းတွေ ဂရုစိုက်နေရတာလဲလို့  အောက်မေ့နေတာ ။
သူ့ အတွက်ကြောင့်နဲ့  ဖောက်ပြန်နေတဲ့သူကို
မင်း လိုက်အမိဖမ်းတယ်၊ သူ့ အတွက် တရားမျှတမှုကို ရန်ဖြစ်ယူရဲတယ် ။ ပြီးတော့ ပြီးတော့လည်း…
အခုတလော မင်းရဲ့ ရီပိုင်အပေါ် ဆက်ဆံတဲ့ ပုံစံက အရမ်းထူးဆန်းလာတယ်လို့  ငါ တွေးနေတာ ။ သူ့ အပေါ်ဆို မင်း လုံးဝ သိသိသာသာကြီးကို နူးညံ့နေတာ ။ ငါ့မှာတော့ မင်း ဘာကြောင့်များ ယောကျာ်းလေးတစ်ယောက်အပေါ်ကို အရမ်း နူးနူးညံ့ညံ့နဲ့ ဂရုတစိုက် ဆက်ဆံပေးနေတာလည်းလို့  စဉ်းစားလိုက်ရ တာကွာ…မင်းကြောင့် ငါ့မှာ ထင်တောင် ထင်မိတော့မလို့ ၊ အဟမ်း…”

ဂေးများ ဂေးသွားပြီလားလို့ …

ဖေးယန်သည် အချိန်မှီ စကားရှိန်ကို သတ်လိုက်နိုင်ပါ၏ ။
သူသည် ကမ္ဘာကြီးတစ်ခုလုံး သူ့ အပေါ် ပြိုကျလာသည့်နှယ်
ဟန်ရှန်းယွီကို လှည့်ကြည့်လိုက်သည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Όπου ζουν οι ιστορίες. Ανακάλυψε τώρα