'ငြိမ်ငြိမ်မနေဘူးလား!'

'အွန်းလေး ကဘာလုပ်မှန်းမသိဘဲနဲ့ ဘာလို့ငြိမ်ငြိမ်နေရမှာလဲ'

'မင်း!! ဒဏ်ရာကြည့်မလို့'

ဝမ်အွန်း က မျက်ရထားရခက်နေသည့်ဟန်ဖြင့်ပြောတော့မှ ဝမ်ယောလ် က သူ့ကိုသေစေရန် ဒဏ်ရာပေးခဲ့သော ရင်ဘက်ကဓားဒဏ်ရာသတိရသွားပြီး

'အွန်းလေး က ကြည့်ချင်လို့လား'

'အင်း'

ဝမ်ယောလ် အင်္ကျီတွေကိုချွတ်လိုက်ပြီး ဝမ်အွန်း မြင်စေရန်ပြလိုက်သည်။

ဝမ်အွန်း က ဝမ်ယောလ် ၏ ဒဏ်ရာအား လက်ချောင်းထိပ်လေးတွေဖြင့် ဖွဖွလေးထိနေသည်။ ပုခုံးနှင့် လည်ပင်းစပ်မရောက်ခင်နားမှ စ၍ရှိသော ဓားဒဏ်ရာသည် ညာဘက်ရက်အုံရောက်လုနီးနီးတွင် အဆုံးသတ်သွားသည်။ နှလုံးကိုတိုက်ရိုက်မထိဘဲ နည်းနည်းလောက်သာထိလိုက်သောကြောင့် ဂျွန်မြောင် သူ့ကိုကယ်နိုင်သွားခြင်းဖြစ်သည်။

'ဘယ်လိုခံစားရလဲ'

ဝမ်ယောလ် ဒဏ်ရားအား တို့ထိနေသော ဝမ်အွန်း ကို မေးလိုက်တော့ ဝမ်အွန်း က မျက်နှာသေနှင့်ပြန်၍မေးခွန်းထုတ်သည်။

'ဘာကိုလဲ'

'ကိုယ့်ကို သတ်လိုက်မိတော့ နောင်တရလား'

'မရဘူး'

ဝမ်အွန်း က ဒဏ်ရာအမာရွတ်အား တွေတွေလေးကြည့်နေရင်းမှ ဝမ်ယောလ် အား မော့ကြည့်လိုက်ပြီး

'နောင်တမရပေမဲ့ အရမ်းနာကျင်ခဲ့တယ်။ ငါ့နှလုံးသားကို ငါကိုယ်တိုင်သတ်လိုက်မိလို့'

'အွန်းလေး'

ဝမ်ယောလ် စိတ်ထဲ ဝမ်းသာဝမ်းနည်းသောခံစားချက်တွေ ပြည့်နှက်သွားသည်။ ဝမ်အွန်း အတွက် ဒီဆုံးဖြတ်ချက်က ဘယ်လောက်တောင်ခက်ခဲပြီး နာကျင်စေခဲ့လဲဆိုတာ စကားလုံးတွေကနေတစ်ဆင့် သိလိုက်ရသည်။

'ငါ အရမ်းဝမ်းနည်းခဲ့တယ်။ မင်းသေပြီထင်ပြီး မင်းရဲ့အုတ်ဂူကို ငါ နေ့တိုင်းနီးပါးသွားပြီး ငိုခဲ့တယ်။ နတ်ဆရာမကြီးပြောတဲ့ ငါ့အတွက်ရှိနေပေးမဲ့ တစ်ယောက်တည်းသောသူကို ငါကိုယ်တိုင်မုန်းလို့ဖယ်ထုတ်ပစ်လိုက်တဲ့အခါ မထင်မှတ်ဘဲ ငါ့နှလုံးသားပါ ပါသွားခဲ့တာ။ အစက ငါ့ထီးနန်းကိုပြန်ယူနိုင်ရင် ငါပျော်ပြီထင်နေတာ။ ဒါပေမဲ့ အဲ့လိုမခံစားရဘဲ နေ့တိုင်း ဝမ်းနည်းခဲ့ရတယ်။ ငါ့ကို အရမ်းအနိုင်ကျင့်ခဲ့ပြီး ငါကလည်းအရမ်းမုန်းတဲ့ မင်းကိုချစ်မိတဲ့အချိန်နဲ့ သတ်ရမဲ့အချိန်က ကွာဟမှုမရှိတော့ ဘယ်လိုရွေးချယ်မှုမျိုးမှမလုပ်နိုင်ဘဲ အစီအစဉ်အတိုင်းဆက်လုပ်ခဲ့တာ။ ဒါပေမဲ့ ငါ နောင်တမရခဲ့ဘူး။ ငါက ငါလုပ်သင့်တာကိုလုပ်ခဲ့လို့ ငါမပျော်ရွှင်ရရင်တောင် ဒါက ငါ့ရဲ့အပြစ်ဒဏ်ပဲလို့ သတ်မှတ်ထားတယ်'

The ThroneWhere stories live. Discover now