Chapter-42

11.3K 1.5K 343
                                    

(Unicode)

2020 ခုနှစ်၊ မတ်လ 24 ရက်။

ချောင်းသာဆေးရုံမှာ မနေချင်ဟု ငြင်းဆိုလာသော ညီညီ့ကြောင့် ရန်ကုန်ကို ပြန်ခေါ်လာရသည်။ အန်ကယ်လ်ဖြိုးကလည်း ရန်ကုန်တွင်ပို၍ ကုသင့်သည်ဟုဆိုသည်။ ညီညီ့အခြေအနေက သက်သာလိုက် မသက်သာလိုက်ဖြစ်နေသည်။ တစ်ခါတလေ မောပြီး သတိလစ်သွားတတ်သည်။ အန်ကယ်လ်ဖြိုးကတော့ သူ့ကို စိတ်လျှော့ထားဖို့မှာသည်။ ယူကြုံးမရဖြစ်စွာ ညီညီ့အနား နေ့နေ့ညညနေရင်း ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူဟူ၍ အပြစ်တင်ရေရွတ်နေမိသည်။ ညီညီ့ကျန်းမာရေးအခြေအနေကို ပိုဆိုးစေသည်မှာ ချောင်းသာကိုလိုက်ရန် သူခွင့်ပြုလိုက်၍ဟု ယုံကြည်အပြစ်တင်နေမိသည်။

"ကိုကြီး"

"အာ...ငယ်လေး"

အခန်းထဲ ဝင်လာသော ငယ်လေးက မျက်နှာမကောင်း။ ညီညီ့ဘေးသို့အရင်သွားကာ ဆံပင်တချို့ကို တစ်ချက်သပ်တင်ပေးပြီးနောက် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။

"ကိုကြီး အစားရော ပုံမှန်စားရဲ့လား၊ လူမမာက ကိုကြီးလို့တောင် ထင်ချင်စရာဖြစ်နေပြီ"

ငယ်လေးက သူ့ထက်စာလျှင် သံယောဇဥ်အနှောင်အဖွဲ့တွေကို ဖြတ်တောက်နိုင်သူဖြစ်သည်။ ကျန်းမာရေးအရ သာသနာ့ဘောင်မဝင်ခဲ့သော်လည်း ငယ်လေးက ဘာသာရေးလိုက်စားသည်။

"စားနိုင်သလောက်တော့ စားပါတယ် ငယ်လေးရယ်"

"အင်း...ကိုကြီးပါ လဲသွားလို့မရဘူးနော်၊ ဒါနဲ့ ဟိုကလေးလေးရော အဆင်ပြေရဲ့လား "

ကောင်လေးကို မေးမှန်းသူသိလိုက်ပါသည်။ ခေါင်းညိတ်ပြလိုက်မိသည်။ ကတိပေးထားခဲ့သော်လည်း တကယ်တမ်းတော့ ကောင်လေးနှင့် တစ်နေ့တစ်ခါဖုန်းပြောချိန်ကိုတောင် ဆယ့်ငါးမိနစ်ထက်ပိုမပေးနိုင်ခဲ့။ သုံးရက်တစ်ခါလောက်တွေ့ဖိုလည်း ကောင်လေးက တောင်းဆိုထားသော်လည်း ယခုအချိန်ထိ သူအချိန်မပေးနိုင်သေး။ မောဟိုက်လွန်းစွာ သက်ပြင်းသာချမိသည်။

"ငယ်လေး ရောက်နေတာလား"

"အာ ညီညီ နိုးပြီလား"

I ADORE YOU. (COMPLETED)Donde viven las historias. Descúbrelo ahora