Chapter-38

9.8K 1.5K 122
                                    

(Unicode)

အကြိမ်အကြိမ်အခါခါခေါ်နေသော ဖုန်းလေးက စက်ပိတ်ထား၏။ လက်က ဖုန်းကိုအဆက်မပြတ်ခေါ်ဆိုနေမိသော်လည်း တကယ်တမ်းဖုန်းကိုင်လာလျှင်တောင် သူ့၏ ဦးနှောက်ထဲ၌ ပြောစရာစကားတို့က ဗလာနတ္တိ။ ဝမ်းနည်းနေမည့်၊ မျက်ရည်တို့နှင့် မလိုက်ဖက်သည့်၊ လေသံညှိုးလျှင်တောင် သူပျာယာခတ်ခဲ့ရသည့် ကောင်လေးကို မျက်ရည်များနှင့်မြင်ယောင်မိတော့ ရင်တွင်းအပူတို့က ထပ်ဆင့်ထပ်ဆင့်ရိုက်ခတ်သည်။

ထိုကောင်လေးရှိနေမည်ဟုယူဆရသော အခန်းငယ်၏ ပြတင်းပေါက်လေးကတော့ ဖွင့်လှစ်ထားသည်။ သူ့မိဘတွေထံခွင့်တောင်ပြီးဝင်လျှင် ရနိုင်ပါသော်လည်း ယခုလောလောဆယ် သူအဆင်သင့်မဖြစ်သေးပါ။ သူမသွားမချင်း တောင်းဆိုနေသည့် ညီညီ့ကြောင့်သာ ဤအိမ်ရှေ့သို့ သူရောက်နေခြင်းပင်။ ​ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေတို့အတွက် နေရာမှာကျောက်ချ ရပ်တန့်နေ၍လည်းမရခဲ့။

မွန်းကြပ်နေသောခံစားချက်တို့အတွက် ထွက်ပေါက်တစ်ခုကို လိုချင်သည်။ မျက်ရည်များအဖြစ် ဖွင့်ထုတ်ဖို့ရာလည်း အသိစိတ်ရှိနေစဥ်ကာလတို့၌ သူက မျက်ရည်ကျဖို့ သိပ်ခဲယဥ်းသည့်လူ။

နာရီပေါင်းများစွာ ကားပေါ်၌အချိန်ကုန်ခဲ့ပြီး ခုနှစ်စဥ်ကြယ်အမှီးစကောက်ရန်အားပြုမှ သူကားကိုဖြည်းညှင်းစွာစထွက်ခဲ့သည်။ သူလည်း အချိန်ယူဖို့လိုသေးသလို ကောင်လေးလည်း အချိန်ယူဖို့လိုသေးသည်။ မီးမထွန်းထားသောအခန်းငယ်၏ လှစ်ဟထားဆဲ ပြတင်းပေါက်မှ အရိပ်လေးတစ်ခုကို မြင်လိုက်ရသလိုရှိသောကြောင့် သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားရ၏။

အခုချိန်ထိမအိပ်သေးဘူးလား ကောင်လေးရယ်...။

************************************

"ခန့်မင်းသူ..ထ...ထ... ညီညီရော"

မိုးလင်းလင်းချင်း ညီညီ့ကို မတွေ့၍ ညက အိမ်မှာအိပ်သော ခန့်မင်းသူကို အတင်းနှိုးရသည်။ ညက သူရော ခန့်မင်းသူရော ဉာဥ့်နက်မှ အိပ်ယာဝင်ခဲ့ရသဖြင့် ယနေ့မနက် နေတော်တော်မြင့်မှ အိပ်ယာနိုးခဲ့သည်။ စိတ်မဆောင်သော်လည်း ပင်ပန်းနွမ်းနယ်လွန်းသော ခန္ဓာကြောင့် သူညက အိပ်ပျော်သွားခဲ့သည်။

I ADORE YOU. (COMPLETED)Where stories live. Discover now